ကလေးမြို့နဲ့ တီးတိန်မြို့မှ ထေးဇန်၊ လေသာတောင်သို့ အစုလိုက်လူငယ်တွေသွားရောက်သူများ ကျန်းမာရေး ထောက်ခံစာယူရမယ်

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရန် ကလေးမြို့နဲ့ တီးတိန်မြို့မှ လူငယ်များအဖွဲ့လိုက်နဲ့ ထေးဇန်ကျေးရွာ၊ အာလွယ်ကျေးရွာနဲ့ လေသာတောင်သို့သွားရောက်သူများ မိမိနေထိုင်ရာ ရပ်ကွက်နဲ့မြို့နယ်ရဲ့ ကျန်းမာရေးထောက်ခံစာပါမှသာ ခွင့်ပြုတော့မယ်လို့ တီးတိန်မြို့နယ် စီမံခန့်ခွဲမှုကော်မတီက နိုဝင်ဘာလ (၁၇)ရက်တွင်ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ဆိုင်ကယ်နဲ့ ရေခဲမှုန့်ရောင်းသူများ၊ ဈေးသည်များလည်း မိမိနေထိုင်ရာ ရပ်ကွက်နဲ့ မြို့နယ်ကျန်းမာရေးရုံးရဲ့ ထောက်ခံချက်ယူရမယ်လို့ ခိုင်ကမ်းမြို့အုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။

ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုးက “ကုန်စိမ်းသည်၊ ရေခဲမှုန့်ရယ် အခြားကုန်စိမ်းသည်ရယ် သူတို့က သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်ရဲ့ထောက်ခံချက်လိုမယ်။ ဘယ်ရပ်ကွက်မှာနေထိုင်တဲ့သူလဲ၊ ဥပမာ ဘယ်ထိသွားမလဲဆိုတာလည်းပါရမယ်။ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးရဲ့ ထောက်ခံချက် သူဟာ နှာစေး၊ချောင်းဆိုး မရှိ ကျန်းမာကြောင်းပါရမယ်။ အဲ့ ၂ ချက်ပါရင် ဆက်သွားခွင့်ပြုမယ်။ အဲ့လိုစာရွက်စာတမ်း ပါ၊ မပါဆိုတာ ရှုခင်းသာနားက ဂိတ်မှာစစ်ဆေးမှာ” လို့ပြောပါတယ်။

လူငယ်တွေဟာ ထေးဇန်ကျေးရွာက ရှုခင်းနဲ့ လေသာတောင်က ကော်ဖီဆိုင်တွေမှာ အဖွဲ့လိုက်သွားရောက်လျက်ရှိပါတယ်။

Zalen ad

တီးတိန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီရဲ့ ဆုံးဖြတ်ချက်ထဲတွင် ထေးဇန်ကျေးရွာ၊ အာလွယ်ကျေးရွာနှင့် လေသာတောင်သို့ ကလေးမြို့မှသော်လည်းကောင်း၊ တီးတိန်မြို့မှသော်လည်းကောင်း လူအစုလိုက်/အဖွဲ့လိုက်ဖြင့် လေ့လာရေးသွားရောက်လည်ပတ်လျက်ရှိသည့် လူငယ်အဖွဲ့အား လူအစုလိုက်/အဖွဲ့လိုက် မလာရောက်စေရေးအတွက် ခိုင်ကမ်းမှထောက်ခံချက်အပြည့်အစုံပါမှသာ ခွင့်ပြုရေးဆောင်ရွက်ရန်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်