ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

Zalen ad

မတ်လ ၂၀ရက် မနေ့က စတင်ပြီး ကားနဲ့ ဆိုင်ကယ်‌ တွေကို စုံ/မ ဂဏန်းတွေကို စစ်ဆေးနေတာ ဖြစ်ပြီး ဖမ်းဆီးတာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” ပညာပေးကာလလို့ ပြောတာပဲ၊ လောလောဆယ် စုံနေ့မှာ စုံထွက်၊ မ နေ့ မ‌ထွက်ပေါ့။ တခြားနေရာတွေတော့ မတွေ့မိဘူး၊ လေဆိပ်ရှေ့မှာ တားပြီး စစ်တာ တွေ့တယ်။ ” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

ဆိုင်ကယ်ကိုသာ အဓိက အားထား သွားလာနေရတဲ့ ကလေးမြို့မှာ ဆိုင်ကယ်တွေကို စုံ/မခွဲ သွားလာခိုင်းရင် သွားရေးလာရေး အဆင်မပြေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်ဟာ အီရန်‌စစ်ရေးကြောင့် စက်သုံးဆီချွေတာရေးဆိုပြီး ကိုယ်ပိုင်ယာဉ်တွေကို လိုင်စင်ပါ နံပါတ်ဂဏန်း စုံ/မခွဲကာ မောင်းနှင်ခွင့် ကန့်သတ်လိုက်တာပါ။

လက်ရှိမှာ ရန်ကုန်မြို့၊ မန္တလေးနဲ့ တခြား မြို့ကြီး တွေမှာ စက်သုံးဆီ ဈေးတက်လာပြီး ဆီရဖို့ မနက် ၃ နာရီက စတန်းစီ ဆီထည့်နေကြရပါတယ်။

ကလေးမြို့မှာတော့ ဓာတ်ဆီ တစ်လီတာ ၆၁၅၀ ကျပ် ပေး၀ယ်ယူနေရပြီး ပုံမှန်အနေအထားအတိုင်း ဓာတ်ဆီ ၀ယ်ယူလို့ရနေသေးတယ်လို့ သိရပါတယ်။

Helen

ဓာတ်ပုံ-လူမှုကွန်ယက်

#ကလေးမြို့#ဆိုင်ကယ်#လိုင်စင်နံပါတ် #စုံ၊မ #Zalen

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံမှာ CEIR စနစ် စတင်ကျင့်သုံးမည်ဖြစ်ပြီး တရားမဝင်တင်သွင်းတဲ့ ဖုန်းတွေကို ကန့်သတ်သွားမယ်

မတ် ၂၁၊ ၂၀၂၆Zalen မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူတွေအနေနဲ့ စံချိန်စံညွှန်းကိုက်ညီပြီး အခွန်အခပေးဆောင်ထားတဲ့ ဖုန်းတွေကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လ ပထမပတ်မှစတင်၍ အကောင်ထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ...

ဆက်ဖတ်ရန်