ကလေးမြို့ရှိ KTV နဲ့အရက်ဆိုင်တို့ပိတ်ပင်ဖို့ အထက်ကညွှန်ကြားချက်မရှိသေးဟုဆို

ကလေးမြို့တွင် ကိုရိုနာဗိုင်းရစ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးဖြစ်စေတဲ့ အရက်ဆိုင် နဲ့ KTV များပိတ်ပင်ဖို့ အထက်က ညွှန်ကြားချက်မရှိသေးဘူးလို့ မြို့နယ်စီမံကော်မတီ ဥက္ကဌ ဦးညီညီကဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မတ်လ (၁၇) ရက်က စပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများ၊ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်းများ၊ Night Club များ၊ ဗီဒီယိုရုံများပိတ်သိမ်းရန် အကြောင်းကြားထားပါတယ်။

ဦးညီညီက “အခုတော့ မတ်လ (၂၀)ထိ စာမေးပွဲကာလကို ည(၉)နာရီနောက်ပိုင်း အရက်ဆိုင်တွေမရောင်းချဖို့ ဒေသန္တရအမိန့်ထုတ်ထားတယ်။ သမ္မတရုံးကတော့ ဧပြီ (၃၀)ထိ ပွဲလမ်းသဘင်မလုပ်ဖို့ ပြန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရစ်ကြောင့် အရက်ဆိုင်တွေပိတ်ဖို့တော့ ကျနော်တို့ဆီ ညွှန်ကြားချက်လုံးဝမလာသေးဘူး။ ညွှန်ကြားချက်လာရင်တော့ ကျနော်တို့က ထပ်ပြီးတော့ ညွှန်ကြားရမှာပေါ့။ ယစ်မျိုးစည်းကမ်းအရ လုံးဝကြီးပိတ်ပစ်လို့လည်းမရဘူး။ အချိန်ကတော့ သတ်မှတ်လို့ရတယ်” လို့ပြောပါတယ်။

ဒါ့ပြင် ကလေးမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာအဖွဲ့အစည်းတွေလည်း မတ်လ နဲ့ ဧပြီလအတွင်းကျင်းပမယ့် သင်တန်းများ၊ သင်းလုံးကျွတ်အစည်းအဝေး နဲ့ ကလေးဓမ္မစကူးလ်ပွဲတော်များအားလုံး ရွေ့ဆိုင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။ တနင်္ဂနွေနေ့တွင် ဘုရားကျောင်းပိတ်မယ့် အသင်းတော်တွေတော့ မရှိသေးပါ။

Zalen ad

(Zawgyi)

ကေလးၿမိဳ႕ရွိ KTV နဲ႔အရက္ဆိုင္တို႔ပိတ္ပင္ဖို႔ အထက္ကၫႊန္ၾကားခ်က္မရွိေသးဟုဆို

ကေလးၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရစ္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လူစုလူေဝးျဖစ္ေစတဲ့ အရက္ဆိုင္ နဲ႔ KTV မ်ားပိတ္ပင္ဖို႔ အထက္က ၫႊန္ၾကားခ်က္မရွိေသးဘူးလို႔ ၿမိဳ႕နယ္စီမံေကာ္မတီ ဥကၠဌ ဦးညီညီကဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က မတ္လ (၁၇) ရက္က စၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ႐ုပ္ရွင္႐ုံမ်ား၊ ကာရာအိုေကဆိုင္မ်ား၊ အႏွိပ္ခန္းမ်ား၊ Night Club မ်ား၊ ဗီဒီယို႐ုံမ်ားပိတ္သိမ္းရန္ အေၾကာင္းၾကားထားပါတယ္။

ဦးညီညီက “အခုေတာ့ မတ္လ (၂၀)ထိ စာေမးပြဲကာလကို ည(၉)နာရီေနာက္ပိုင္း အရက္ဆိုင္ေတြမေရာင္းခ်ဖို႔ ေဒသႏၲရအမိန႔္ထုတ္ထားတယ္။ သမၼတ႐ုံးကေတာ့ ဧၿပီ (၃၀)ထိ ပြဲလမ္းသဘင္မလုပ္ဖို႔ ျပန္ၾကားခ်က္ထုတ္ျပန္ထားပါတယ္။ ကို႐ိုနာဗိုင္းရစ္ေၾကာင့္ အရက္ဆိုင္ေတြပိတ္ဖို႔ေတာ့ က်ေနာ္တို႔ဆီ ၫႊန္ၾကားခ်က္လုံးဝမလာေသးဘူး။ ၫႊန္ၾကားခ်က္လာရင္ေတာ့ က်ေနာ္တို႔က ထပ္ၿပီးေတာ့ ၫႊန္ၾကားရမွာေပါ့။ ယစ္မ်ိဳးစည္းကမ္းအရ လုံးဝႀကီးပိတ္ပစ္လို႔လည္းမရဘူး။ အခ်ိန္ကေတာ့ သတ္မွတ္လို႔ရတယ္” လို႔ေျပာပါတယ္။

ဒါ့ျပင္ ကေလးၿမိဳ႕နယ္အတြင္းရွိ ခရစ္ယာန္ဘာသာအဖြဲ႕အစည္းေတြလည္း မတ္လ နဲ႔ ဧၿပီလအတြင္းက်င္းပမယ့္ သင္တန္းမ်ား၊ သင္းလုံးကြၽတ္အစည္းအေဝး နဲ႔ ကေလးဓမၼစကူးလ္ပြဲေတာ္မ်ားအားလုံး ေ႐ြ႕ဆိုင္းလိုက္တယ္လို႔ သတင္းရရွိပါတယ္။ တနဂၤေႏြေန႔တြင္ ဘုရားေက်ာင္းပိတ္မယ့္ အသင္းေတာ္ေတြေတာ့ မရွိေသးပါ။

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်