ကလေးမြို့လေဆိပ်သို့ စကစတပ်သားတွေတင်ဆောင်တဲ့ လေယာဉ် ၂ကြိမ် ဆင်းသက်

ကိုဗစ်ရောဂါကြောင့်ပိတ်ထားတဲ့ ကလေးမြို့လေဆိပ်သို့ ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်နဲ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားတွေတင်ဆောင်တဲ့ မြန်မာ့လေကြောင်းလိုင်းလေယာဉ် ၂ စီးဆင်းသက်သွားတယ်လို့ သတင်းရရှိပါတယ်။

လေယာဉ်ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သားတွေအပြင် လက်နက်ခဲယမ်းတွေလည်း သယ်ဆောင်လာပါတယ်။ မနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင်လည်း ပိုက်ဆံတွေတင်ဆောင်တဲ့ မြန်မာ့လေကြောင်း လေယာဉ်တစ်စီးဆင်းသက်လာပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ Omicron ကူးစက်မြန်ကိုဗစ်ရောဂါတွေ့ရှိတာကြောင့် ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ဟုဆိုကာ ကလေးမြို့ လေဆိပ်ဟာ ဒီဇင်ဘာလ ၆ ရက်ကစပြီး ရက်အကန့်အသတ်မရှိပိတ်ထားကြောင်း စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။

Zawgyi

ကေလးၿမိဳ႕ေလဆိပ္သို႔ စကစတပ္သားေတြတင္ေဆာင္တဲ့ ေလယာဥ္ ၂ၾကိမ္ ဆင္းသက္

ကိုဗစ္ေရာဂါေၾကာင့္ပိတ္ထားတဲ့ ကေလးၿမိဳ႕ေလဆိပ္သို႔ ဒီကေန႔ ဒီဇင္ဘာ ၁၇ ရက္ မနက္နဲ႔ ညေနပိုင္းတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြတင္ေဆာင္တဲ့ ျမန္မာ့ေလေၾကာင္းလုိင္းေလယာဥ္ ၂ စီးဆင္းသက္သြားတယ္လုိ႔ သတင္းရရွိပါတယ္။

ေလယာဥ္ေပၚတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြအျပင္ လက္နက္ခဲယမ္းေတြလည္း သယ္ေဆာင္လာပါတယ္။ မေန႔ ဒီဇင္ဘာ ၁၆ ရက္ေန႔တြင္လည္း ပိုက္ဆံေတြတင္ေဆာင္တဲ့ ျမန္မာ့ေလေၾကာင္း ေလယာဥ္တစ္စီးဆင္းသက္လာပါတယ္။

အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ အိႏိၵယႏိုင္ငံမွာ Omicron ကူးစက္ျမန္ကိုဗစ္ေရာဂါေတြ႔ရွိတာေၾကာင့္ ေရာဂါၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ဟုဆိုကာ ကေလးၿမိဳ႕ ေလဆိပ္ဟာ ဒီဇင္ဘာလ ၆ ရက္ကစၿပီး ရက္အကန္႔အသတ္မရွိပိတ္ထားေၾကာင္း စစ္ေကာင္စီဘက္ကထုတ္ျပန္ထားပါတယ္။

 

 

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်