ကလေးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ငါးဦး ပြန်လွတ်လာ

နိုဝင်ဘာ ၂၇၊၂၀၂၅ ။

Zalen

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့ အကျဉ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -က နဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ဒီနေ့ နို၀င်ဘာ ၂၇ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်‌သူတွေက ပြောပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅ -က နဲ့ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ်ကျခံနေရသူ ၇၂၄ ဦးကိုလည်း ” နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဆိုတဲ့ ခံဝန်နဲ့ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နို၀င်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

Zalen ad

ပြန်လွတ်လာတဲ့ အကျဉ်းသား သုံးထောင်ကျော်ထဲမှာ ကလေးအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။

” တခြားသူတွေ ပါဦးမလားလို့ သွားစောင့်တာ မပါဘူး။ နိုင်ကျဉ်းသူ ၅ ယောက်ပဲ ဒီနေ့မနက် ပြန်လွတ်လာတာ။ ကလေးထောင်ထဲက ၅၀၅ -က ဖမ်းခံရတဲ့သူ အများစုက အမှုတွဲပါကြတယ်။ ၅၂ တို့ ၅၀ တို့ပါတော့ ပြန်မလွတ်တာ ဖြစ်နိုင်တယ်။ ” လို့ ကလေးအကျဉ်းထောင်နဲ့ နီးစပ်သူ‌တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေးတိမ်းရှောင်နေသော ရာဇဝတ်ကျင့်ထုံး ၅၁၂ နဲ့ တရားစွဲဆိုခံရသူ ၅,၅၈၀ ဦးကို အမှုတွေ ပိတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ဦးကြည်တိုးလည်း ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာပါတယ်။

စစ်ကောင်စီက မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနဲ့ ဆန္ဒမဲပေးနိုင်ရေးအတွက် အခုလို လွတ်ငြိမ်းခွင့်ပြုတာလို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ကျော်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲပေါ် ဝေဖန်အကြံပြုတဲ့ပြည်သူတွေကို အကြောက်တရားပေးကာ ဆိုရှယ်မီဒီယာတွေကနေ သဘောထားမှတ်ချက်ပေးရုံနဲ့ မတရားအကြမ်းဖက် ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – Helen

ဓာတ်ပုံ – လူမှုကွန်ရက်

#ကလေးမြို့#စစ်ကောင်စီ#နိုင်ငံရေးအကျဉ်းသူ

#ပြန်လွတ်#Zalen

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်