ကလေးမြို့ ရဲ ဒလံတွေစီးတဲ့ကားကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြည်သူ့ခံတပ်သို့ အရပ်ဝတ်နဲ့ရောက်လာတဲ့ ရဲ ဒလံတွေစီးတဲ့ ကားကို မနေ့ညက မီးရှို့ဖျက်ဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။

မျက်မြင်တစ်ဦးက “ဒလံတွေရဲ့ ကားကို ခံတပ်မရွေ့ခင် အကုန်ဖျက်ဆီးပြီးတော့ အဲ့ဒါကို ဗိုလ်ချုပ်လမ်းပေါ်မှာ မီးရှို့တယ်။ အချိန်ကတော့ ညနေ ၅ နာရီလောက်ကပါ” လို့ပြောပါတယ်။

ပြည်သူ့သပိတ်ခံတပ်တွင် မတ်လ (၃၁)ရက်တွင် အရပ်ဝတ်နဲ့ ယာဉ်ထိန်းရဲ နဲ့ ရဲ ၄ ယောက်က အနက်ရောင်ကားတစ်စီးနဲ့ရောက်လာပြီး ပြည်သူတွေက စစ်ဆေးရာ အမှုမှန်ပေါ်ပေါက်သွားပါတယ်။

ဒါကြောင့် ၎င်းတို့ကိုထိန်းသိမ်းစောင့်ရှောက်ထားပြီး ဧပြီလ (၂)ရက်နေ့က ပြည်သူဘက်က ဖမ်းဆီးထားတဲ့ ဒလံ ၇ ယောက်နဲ့ စစ်တပ်ဖက်က ဖမ်းဆီးထားတဲ့ လူ ၉ ယောက် အချင်းချင်းလှယ်လဲကြပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်