ကလေးမြို့ RTC စစ်တပ်ဝင်းထဲ မီးကွင်းပစ်တဲ့ လူငယ်တစ်ယောက် ပစ်ခတ်ဖမ်းဆီးခံရ

ကလေးမြို့ RTC စစ်တပ်ဝင်းထဲ မနေ့က ညနေ ၃ နာရီခန့်က လူငယ်တချို့က မီးကွင်းပစ်ခတ်တာကြောင့် စစ်တပ်က သေနတ်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် အသက် (၂၈နှစ်)အရွယ် ကိုရဲမင်းဦးကို ပေါင်မှာကျည်ထိတာကြောင့် ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။

လက်ရှိ ကိုရဲမင်းဦးကို ကလေးမြို့ တပ်မတော် စစ်ဆေးရုံတွင်ကုသလျက်ရှိပါတယ်။ မတ်လ (၁၇)ရက်တွင် ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူကို စစ်တပ်ကပစ်ခတ်လို့ လူ (၄)ဦးသေဆုံးပြီး အများအပြားအဖမ်းခံရတယ်။

ဒါကြောင့် လူငယ်တွေက မကျေမနပ်ဖြစ်၍ တပ်စခန်းများ၊ ရဲစခန်းများကို မီးကွင်းနဲ့ တိုက်ခိုက်မယ်လို့ သတင်းများ ထွက်ပေါ် တာကြောင့် ယင်းရက်များတွင် စစ်တပ်က လုံခြုံရေးကို မနက်၊ ည အပြည့် ချထားကြပါတယ်။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်