ကလေး၀-ရေဦး လမ်းပိုင်းတွင် လက်နက်ခဲယမ်းသယ်ဆောင်ခြင်း နဲ့ စစ်ဝတ်စုံဝတ်ဆင် ပြီး သွားလာခြင်းများကို ကန့်သတ်

ဇန်နဝါရီ ၁၆၊၂၀၂၆

Zalen

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝ-‌ ရေဦးလမ်းပိုင်းတွင် လက်နက်ခဲယမ်းသယ်ဆောင်ခြင်း နဲ့ စစ်ဝတ်စုံဝတ်ဆင် ပြီး သွားလာခြင်းများ မပြုလုပ်ကြရန် အမှတ် – ၁ စစ်ဒေသဌာနချုပ် ၊က လေး ခရိုင်အမှတ် ( ၅) တပ်ရင်း က ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ အဓိကလမ်းမကြီး‌ ပေါ်က ကလေးတ- ရေဦး လမ်းမကြီးပေါ်ရှိ ယုဇလယ် ၊ အောင်ချမ်းသာ ၊သက္ကယ်ကျင်းကွင်းလမ်းတဝိုက် တွေကို ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

Zalen ad

အဲဒီ လမ်းမပေါ်နဲ့ အနီးတဝိုက်တွေမှာ လက်နက် ခဲယမ်းသယ်ဆောင်တာ ၊ စစ်ဝတ်စုံများ ဝတ်ဆင်သွားလာတာ နဲ့ လက်နက်များ ကိုင်ဆောင်ပြီး ခရီးသွားလာ တာတွေကို မပြုလုပ်ရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ဖော်ပြထားပါတယ်။

ယခုလို ကန့်သတ်ရခြင်းကလည်း နယ်မြေအတွင်း လုံခြုံရေးအခြေအနေများကြောင့်ဖြစ်ပြီး၊ ဒေသခံများနဲ့ ခရီးသွားပြည်သူများအနေနဲ့ အထင်မှားမှုများ မဖြစ်ပေါ်စေရန်နဲ့ စစ်ရေးသတိရှိစေရန် ရည်ရွယ်ထားတာလို့ သိရပါတယ်။

လမ်းပိုင်းကို မဖြစ်မနေ ဖြတ်သန်းသွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ ကလေးခရိုင် အမှတ် (၅) ၊ (၆) တပ်ရင်း နဲ့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ကြိုတင်ဆက်သွယ် အကြောင်းကြားပြီးမှသာ သွားလာကြရန် တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ‌အသေးစိတ် သိရှိနိုင်ဖို့ ကလေးခရိုင် အမှတ် – ၅ တပ်ရင်းကို Zalen က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါ။

သတင်း – လူအေး

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်