ကလေး နဲ့ မင်းတပ်မြို့က အင်အားပြလှည့်လည်တဲ့ CNLD ပါတီကို ကတိခံဝန်လက်မှတ်ထိုးခိုင်း

ကလေးမြို့ နဲ့ မင်းတပ်မြို့တွင် အင်အားပြလှည့်လည်တဲ့ CNLD ပါတီတွေကို လူ (၂၀၀)ထက်ပိုများတယ်လို့ဆိုကာ မြို့နယ်အာဏာပိုင်တွေကဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး ကတိခံဝန်လက်မှတ်ထိုးခိုင်းတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့က CNLD ပါတီ အားပေးတဲ့လူငယ်တွေဟာ နိုဝင်ဘာလ (၃)ရက်နေ့တွင် ကလေးမြို့ပြင်မှာ အင်အားပြလှည့်လည်ခဲ့ကြပါတယ်။

ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးဂင်ခန့်ပေါင်က “သူတို့က ခရိုင်ကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းမလိုက်နာလို့ နောင်လိုက်နာပါမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာ။ လူ ၅၀ ထက် ပိုမလုပ်ဘူးဆိုရင် စည်းကမ်းလိုက်နာတယ်။ နောက်တခါ လွှတ်တော်ကိုယ်စားလှယ် မပါပဲနဲ့သွားတာဆိုတော့လေ။ တခြားပါတီတွေတော့ ဒီလိုလက်မှတ်ထိုးခိုင်းတာမရှိသေးဘူး။ တခြားပါတီက စည်းကမ်းလိုက်နာတယ်ဆိုတာမဟုတ်ဘဲနဲ့ တိုင်စာမရှိဘူး။ အားလုံးကတော့ မလိုက်နာဘူး။ ရဲက တိုင်တာ” လို့ပြောပါတယ်။

ကလေးမြို့ တာဟန်းရဲတွေဟာ CNLD ပါတီထောက်ခံသူတွေ အင်အားပြလှည့်လည်ဖို့စုဝေးနေကြစဉ်ရောက်လာကြပြီး တစ်ဖွဲ့မှာ လူ ၅၀ သာသီးသန့်သွားကြရန် ပြောကြားပြီး ၎င်းတို့ လှည့်လည်တဲ့နေရာတွေလိုက်ပါမှတ်တမ်းယူကြပါတယ်။

ကလေးမြို့နယ် CNLD တွေဟာ တာဟန်းရပ်ကွက်ကနေ မနက် ၁၀ နာရီခွဲမှစတင်ထွက်ခွာပြီး လက်ပံချောင်း၊ ရာဇဂြိုလ်ထိသွားကာ ညနေ ၃ နာရီကျော်တွင် တာဟန်းကိုပြန်လည်ရောက်ရှိလာကြပါတယ်။

မင်းတပ်မြို့တွင်လည်း ဒီကနေ့ CNLD ပါတီထောက်ခံသူတွေက အင်အားပြလှည့်လည်ပြီး လူ (၂၀၀)ထက်ကျော်လွန်လို့ဆိုကာ မြို့နယ်အာဏာပိုင်တွေက ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြပါတယ်။

မင်းတပ်မြို့နယ် CNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရွှေနိုင်းက “သူတို့က ၅၀ အုပ် ၅၀ အုပ်နဲ့လူ ၂၀၀ ပဲခွင့်ပြုထားတယ်လေ။ ကျနော်တို့ကလည်း ၅၀ အုပ်နဲ့ ၂၀၀ ခွာပြီးတော့လုပ်တယ်။ ဒါပေမယ့် နယ်ကလူတွေကော အားပေးသူတွေက သူတို့ဘာသာဝင်လာကြတာ။ အဲ့ဒါကို သူတို့က ဥပဒေဘောင်ကျော်တယ်ပေါ့ကွာ။ ထွေအုပ်က ကြိုတင်ပြီးပြောရဲ့သားနဲ့ပြောပါတယ်။ ကျနော်တို့ကလည်း ဘယ်လိုမှထိန်းမနိုင်ဘူး။ လူက တစ်ထောင်လောက်ဖြစ်သွားတယ်။ သူတို့က သိရှိကြောင်းလက်မှတ်ထိုးပေးပါဆိုလို့ ကျနော်နဲ့ ဥက္ကဌနဲ့လက်မှတ်ထိုးလိုက်တယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်