ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနပညာရှင် ၂ ဦး နိုဘယ်ဆုရရှိ

ချစ်ခြင်းနွေ/ ၃၊ အောက်တိုဘာ ၊ ၂၀၂၃။

Zalen

၂၀၂၃ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ သုတေသီနှစ်ဦး ဖြစ်တဲ့ ဇီဝဓာတုပညာရှင် Katalin Kariko နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဆိုင်ရာ သုတေသီ Drew Weissman တို့ကို ရွေးချယ်လိုက်တဲ့အကြောင်း ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက ကြေညာပါတယ်။

 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ RNA ကနေ ပွားပြီးထုတ်ထားတဲ့ messenger RNA (mRNA) နည်းနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေး ထုတ်လုပ်နိုင်အောင် ဦးဆုံး စူးစမ်းရှာဖွေခဲ့သူတွေ အဖြစ် နိုဘယ် ဆေးပညာဆိုင်ရာ ဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဒီအပတ်အတွင်းမှာပဲ ၂၀၂၃ ခုနှစ်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေ နိုဘယ်ဆုရှင်တွေကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက အသီးသီး ကြေညာမှာဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ သောကြာနေ့ နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်ရေး ကော်မတီက ၂၀၂၃

ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ကြေညာမှာ ဖြစ်ပါတယ်။

ဒိုင်းနမိုက်ကို တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Alfred Nobel ရဲ့ဆန္ဒအတိုင်း သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆု တွေကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံနဲ့ နော်ဝေနိုင်ငံ နိုဘယ်ငြိမ်းချမ်ရေး ကော်မတီက ၁၉၀၁ ခုနှစ်ကစပြီး ဆုတွေ ချီးမြှင့်လာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်