ကုလားတန်မြစ်ရေတက်လို့ပလက်ဝမြို့အချို့နေရာရေလွှမ်း၊ စက်လှေအသွားအလာအားလုံးရပ်ဆိုင်း

တစ်ပတ်နီးပါးအဆက်မပျက်မိုးရွာလို့ ကုလားတန်မြစ်ရေတက်တာကြောင့် ပလက်ဝမြို့မြေနိမ့်ပိုင်းရှိ လူနေအိမ်(၁၀)အိမ်ကျော်မှ မိသားစုများဘေးလွှတ်ရာသို့ပြောင်းရွှေ့နေရပါတယ်။

ကုလားတန်မြစ်ရေဟာ အရင်ပတ် စနေနေ့ကစပြီး မြစ်ရေတက်လာပြီး မနေ့ည ကနေစပြီး ရပ်ကွက်ထဲရေလွှမ်းလာတာဖြစ်ပါတယ်။

ပလက်ဝမြို့ဒေသခံ ကိုကျော်အောင်က “ရေလွှမ်းတဲ့နေရာကတော့ မြစ်ကမ်းနဘေးက ကျူးကျော်အိမ်တွေနဲ့ အနိမ့်ပိုင်းရပ်ကွက်မှာရှိတဲ့ န.တ.လကျောင်းတွေလည်းရေဝင်နေတယ်။ ဒီနေ့လည်း န.တ.လ ကျောင်းက ကလေးတွေရွေ့ဖို့ပစ္စည်းတွေပြင်ဆင်နေကြတာတွေ့ရတယ်။ ဒီနေ့လည်း မိုးရွာနေတုန်းပဲ”လို့ပြောပါတယ်။

မိုး၊ဇလပညာရှင် ဦးထွန်းလွင်ကတော့ ဇွန်လ(၁၈)ရက်ထိ ချင်းပြည်နယ်မှာ မိုးများနိုင်တယ်လို့ ၎င်းလူမှုကွန်ရက်စာမျက်နှာမှာ ဇွန်လ(၁၃)ရက်က ရေးသားထားပါတယ်။

ပလက်ဝမြို့ အနိမ့်ပိုင်းမှာရှိတဲ့ န.တ.လ ကျောင်း

ဒါကြောင့်ရေလမ်းကြောင်းအန္တရာယ်စိုးရိမ်ရတဲ့တွက် ဒီကနေ့(ဇွန် ၁၃)ရက်ကစပြီး ပလက်ဝမှ ကျောက်တော်သွားတဲ့ စက်လှေတွေနဲ့ ပလက်ဝအထက်ဘက်သို့သွားတဲ့စက်လှေတွေအားလုံး ရပ်ဆိုင်းဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်