ကလေးမော်လိုက်အကျဉ်းထောင်မှာ ဆူပူမှုဖြစ်ပွား၊ အကျဉ်းသားတွေတောင်းဆိုမှု သမ္မတထံတင်ပြမယ်

 

Photo: U Nyi Nyi

ကလေးမော်လိုက်အကျဉ်းထောင်မှာ ဆူပူမှုဖြစ်ပွား၊ အကျဉ်းသားတွေတောင်းဆိုမှု သမ္မတထံတင်ပြမယ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ ယနေ့ နံနက် ၁၀ နာရီလောက်ကစပြီး အကျဉ်းသားတွေဆူပူမှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီက “အခုတော့ အခြေအနေငြိမ်သွားပါတယ်။ အဆောင်တွေမှာ လိုက်ပြီးတွေ့ဆုံပြီးတော့ ဆွေးနွေးနေတယ်။ သူတို့လိုချင်တဲ့ တောင်းဆိုတဲ့အချက်တွေကို အထက်လူတွေသိအောင်ပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်တန်းတူရရှိရေးတို့၊ မီဒီယာနဲ့တွေ့ဆုံရေးတို့၊ နောက် လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံတာတို့ အဲ့ဒါတွေတောင်းဆိုတာ။ အဲ့ဒါတွေလိုက်တွေ့ပြီးတော့ ရှင်းပြနေတယ်။ ဒါကို သမ္မတဆီရောက်ရှိအောင် ဒီကနေ ခရိုင်၊ ခရိုင်ကနေ တိုင်းအစိုးရအဖွဲ့၊ တိုင်းအစိုးရကနေ သမ္မတရုံး တောက်လျှောက်အခြေအနေတွေပို့ပေးနေတယ်။ မူးယစ်ဆေးဝါးမှုနဲ့ကျတဲ့ ရုပ်ရှင်မင်းသား မိုးအောင်ရင်တို့လည်းလွတ်တယ်။ သူတို့လည်း မူးယစ်ဆေးဝါးမှုဆိုတော့ ဘာလို့မလွှတ်တာလဲပေါ့” လို့ပြောပါတယ်။

ဒီမနက် မော်လိုက်ကလေးအကျဉ်းထောင်အားတွေ့ရစဉ်(ဓာတ်ပုံ- ဦးညီညီ)

လက်ရှိ မော်လိုက်ကလေး အကျဉ်းထောင်မှာ အကျဉ်းသူ၊သားနဲ့ အချုပ်သား စုစုပေါင်း (၂၀၃၁)ဦးရှိပါတယ်။ ယနေ့ နံနက် ၈း၃၀ နာရီမှာ ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်သို့ နယ်သာလန်နိုင်ငံကောင်စစ်ဝန်က နယ်သာလန်နိုင်ငံသား အကျဉ်းသားတစ်ဦးနဲ့တွေ့ဆုံပြီးနောက် အကျဉ်းသားအား အကျဉ်းစခန်းအတွင်းပြန်လည်ထည့်သွင်းစဉ် အခုလို ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပါတီဆိုင်းဘုတ်တွေဖျက်ဆီးလို့ လူငယ် လေးဦးကို စစ်ကောင်စီ ဖမ်းဆီး

နို၀င်ဘာ ၁၅၊ ၂၀၂၅ Zalen ရန်ကုန်မြို့မှာ စိုက်ထူထားတဲ့ နိုင်ငံ‌ရေးပါတီမဲဆွယ်ဆိုင်းဘုတ်တွေကို ဖြိုလှဲဖျက်ဆီးတာကြောင့် လူငယ် လေးဦးကို နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်တွေကို ...

ဆက်ဖတ်ရန်