ကလေးမြို့နယ်ရှိ ဘာသာရေးပိုင် မူကြိုကျောင်း (၆၀) ကျော် မှတ်ပုံတင်မယ်

ကလေးမြို့နယ်ရှိ ဘာသာရေးပိုင် မူကြိုကျောင်း (၆၀) ကျော် မှတ်ပုံတင်မယ်

ကလေးမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၆၁)ကျောင်းကို ယခုလကုန်ပိုင်းတွင် အစိုးရထံ မှတ်ပုံတင်မယ်လို့သတင်းရရှိပါတယ်။

ယင်းကျောင်းတွေမှာ ဖလမ်းစကားပြော ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၄၀)၊ ဟားခါးစကားပြော ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၁၂)ကျောင်း၊ နဲ့ တီးတိန်စကားပြော ခရစ်ယာန်ဘာသာရေးပိုင် မူကြိုကျောင်း (၉)ကျောင်း စုစုပေါင်း (၆၁)ကျောင်းဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး LFECCD (Lairawn Falam Early Childhood Care and Development committee) ရဲ့ သင်တန်းမှူး ဆရာမ ဒေါက်တာ ဒီဘောရဇုန်ရာမ်က “အစိုးရဘက်က မှတ်ပုံတင်ခိုင်းတာပါ။ မှတ်ပုံမတင်တဲ့ ကျောင်းတွေ ပိတ်ခိုင်းနေပြီလေ။ ကျောင်းပိတ်မယ်ဆိုရင် ကလေးတွေ နစ်နာမယ်။ ဒါကြောင့် အမြန်ဆုံး မှတ်ပုံတင်ဖို့ ကျောင်းအားလုံးကို ကြိုးစားပေးနေတယ်။ MBC (Myanmar Baptist Convention- မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်) ဘက်က အသင်းတော်မူကြိုကျောင်းတွေကို ရပ်ရွာအခြေပြုကျောင်းနဲ့ ကျမတို့ကိုမှတ်ပုံတင်ခိုင်းထားပါတယ်” လို့ပြောပါတယ်။

Zalen ad

ကလေးမြို့နယ်အတွင်းရှိ အသင်းတော်ပိုင် မူကြိုကျောင်းတွေ ဖွင့်လှစ်လာခဲ့တာ အချို့ကျောင်းတွေဆို နှစ် (၂၀)ကျော်ကြာမြင့်နေပါပြီ။

ချင်းပြည်နယ်တွင် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အောက်မှာရှိတဲ့ အသင်းတော်တွေမှာ မူကြိုကျောင်း (၂၄၀)ကျော်ရှိပြီး ကျောင်းသူ၊ ကျောင်းသား နှစ်ထောင်ဝန်းကျင်ရှိပါတယ်။ ယင်းကျောင်းတွေလည်း အောက်တိုဘာလတွင်ကျင်းပမယ့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ် ချက်အရ မှတ်ပုံတင်ကြမယ်လို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ကလေးသူငယ်ကော်မတီအတွင်းရေးမှူးကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်