ကလေးမြို့မှာ wifi ကြိုးသွယ်တန်းရာမှ ဓာတ်လိုက်လို့ လူငယ်တစ်ယောက်သေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံရှေ့တွင် Wifi ကြိုးသွယ်တန်းရာမှ လူငယ်တစ်ယောက်ဓာတ်လိုက် သေဆုံးမှု သြဂုတ်လ(၁၃)ရက် နေ့လည် (၁၂)ခန့်မှာဖြစ်ပွားပါတယ်။

သစ္စာဦးကွန်ပျူတာဆိုင် Wifi ကြိုးသွယ်တန်းတဲ့ သူငယ်ချင်းကို သွားရောက်ကူညီသူ Satawm ရပ်ကွက်နေ Mesak Lalpekhlua(၁၈ နှစ်)ဟာ သွတ်အိမ်ခေါင်မိုးပေါ်တက်ပြီး ကြိုးသွယ်တန်းရာမှ 11Kva လျှပ်စစ်ဓာတ်အားလိုင်းကြိုးနဲ့ထိမိပြီး ဆေးရုံသို့ပို့စဉ်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

Mesak Lalpekhlua ဟာ တစ်ဦးတည်းသောသားဖြစ်ပြီး ရန်ကုန်မြို့ရှိ Cung Music Academy ကျောင်းပြီးဆုံးသူလည်းဖြစ်တယ်။ ၎င်းမိခင်ဟာ စင်ကာပူနိုင်ငံမှာအလုပ်လုပ်ကိုင်ပြီး ဒီနေ့ညနေ (၄)နာရီမှာ အလောင်းကို ဒိုးဝန်းချောင်းသုဿာန်မှာသဂြိုလ်ခဲ့ကြတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အိုင်ဇောလ်မြို့ရှိ ZMCH ဆေးရုံမှာ အလေးချိန် ၃၃ ကီလိုရှိတဲ့သားအိမ်အကြိတ်ကိုအောင်မြင်စွာခွဲစိတ်နိုင်

မတ် ၃ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာရှိတဲ့ Zoram Medical Center & Hospital – ZMCH ဆေးရုံ မှာ ၃၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ သားအိမ်အကြိတ်ကိုအောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပြီး ...

ဆက်ဖတ်ရန်