ကလေးမြို့အနောက်ဘက်ရပ်ကွက်မှာ ရေရှားလို့ ကလေးလွင်ပြင်က အခမဲ့ရေပေးလှူ

 

 

ကလေးမြို့အနောက်ဘက်ရပ်ကွက်မှာ ရေရှားလို့ ကလေးလွင်ပြင်က အခမဲ့ရေပေးလှူ

ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တာဟန်း၊ နေပြည်တော်နှင့် ကြို့သုံးပင်ရပ်ကွက်တို့တွင် ရေတွင်းရေခမ်း၍ ရေရှားပါးသဖြင့် ကလေးလွင်ပြင်ကူညီထောက်ပံ့ရေးအဖွဲ့က အခမဲ့ရေပေးလှူနေပါသည်။

သြင်္ကန်ကာလကစပြီး ကလေးမြို့တွင် နေ့အပူချိန် ၄၀ ဒီဂရီထိရောက်ရှိလာပြီး ဧပြီလနောက်ဆုံးပတ်များတွင် ၄၁ ဒီဂရီထိမြင့်တက်နေပါသည်။

ကလေးလွင်ပြင်ကူညီထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးတင်အောင်ဆင့်က “အဲ့ဖက်မှာရေရှားလာတာ တစ်ပတ်လောက်ရှိပြီ။ ရေတွင်းရေလည်း ခမ်းတော့ ရေပြန်လိုက်နေကြတယ်။ ငွေကြေးလက်ဆောင်လည်း လုံးဝကျနော်တို့မယူဘူး” ဟုပြောပါသည်။

ကလေးလွင်ပြင်အဖွဲ့က မေလ (၁)ရက်နေ့ကစပြီး နေပြည်တော်ရပ်ကွက်၊ တာဟန်း၊ တောင်ဖီလာ၊ ကြို့သုံးပင် ရပ်ကွက်မှာ ရေဂါလံသုံးထောင်ဆံ့ ကားတစ်စီးလှူထားပြီး ယနေ့တွင်လည်း ယင်းရပ်ကွက်တွေမှာ ရေကားတစ်စီးထပ်မံလှူဒါန်းထားပါသည်။ မနက်ဖြန်လည်းထပ်မံပေးလှူရန် ကြိုတင်ရေမှာသောသူရှိနေပြီဟုဆိုပါသည်။

ကလေးမြို့တွင် ရေလိုအပ်ပါက ကလေးလွင်ပြင်ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုတင်အောင်ဆင့် – ၀၉၄၄၉၁၄၆၆၁၉ ထံအကူအညီတောင်းနိုင်သည်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်