ကွာတားဖိုင်နယ်တွင် ချင်းနဲ့ မနှစ်က ဒုတိယရရှိတဲ့ ဧရာဝတီအသင်းတို့ကစားမယ်

၂၀၁၉၊ အောက်တိုဘာ (၂၅)
ယူ-၁၂ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ချင်းအသင်းနဲ့ မနှစ်က ဒုတိယဆုရရှိတဲ့ ဧရာဝတီအသင်းတို့ (၂၇)ရက် မနက်(၈)နာရီတွင် ရန်ကုန်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ယင်းပွဲစဉ် ကစားနေစဉ် Zalen page မှ Live နဲ့တင်ဆက်မှာဖြစ်ပါတယ်။

ချင်းပြည်နယ် ယူ-၁၂အသင်းနည်းပြ ဦးကီးလိန်းက “ကျနော်တို့အသင်းက နေမကောင်းတဲ့ကစားဆက်ကန်ခိုင်းရင်တော့ ကောင်းတဲ့ကလေးတစ်ယောက်ဆုံးသွားမှာ။ တစ်နေ့က ကန်ခိုင်းတာကွင်းထဲမှာမူးလဲလို့ထမ်းထုတ်ရတာလေ။ အဖွဲ့ချုပ်ဘက်က သူ့ကိုဆက်မကန်ခိုင်းရင်တော့ ကျနော်တို့အသင်းတွက်စိတ်ပူစရာမရှိဘူး။ ကွာတားမှာရှုံးရင်တော့ ပြုတ်တာပဲ။ နိုင်ရင်တော့ ဆီမီးဖိုင်နယ်တက်ခွင့်ရမယ်။ ဧရာဝတီအသင်းက ကောင်းတဲ့အသင်းထဲမှာပါတယ်” လို့ပြောပါတယ်။

လက်ရှိအချိန်ထိ ချင်းအသင်းက ၃ ပွဲကစားရာ ၃ပွဲစလုံးအနိုင်ရပြီး ဂိုး (၂၉)လုံး သွင်းယူနိုင်ခဲ့တယ်။ မနှစ် ယူ-၁၂ ပြိုင်ပွဲတွင် ချင်းအသင်းက တတိယဆု၊ ဧရာဝတီအသင်းက ဒုတိယဆု၊ မကွေးအသင်းက ပထမဆု အသီးသီးရရှိကြပါတယ်။

(Zawgyi)

ကြာတားဖုိင္နယ္တြင္ ခ်င္းနဲ႔ မႏွစ္က ဒုတိယရရွိတဲ့ ဧရာဝတီအသင္းတို႔ကစားမယ္

၂၀၁၉၊ ေအာက္တိုဘာ (၂၅)
ယူ-၁၂ တိုင္းနဲ႔ျပည္နယ္ ေဘာလံုးျပဳိင္ပြဲ ကြာတားဖိုင္နယ္တြင္ ခ်င္းအသင္းနဲ႔ မႏွစ္က ဒုတိယဆုရရွိတဲ့ ဧရာဝတီအသင္းတို႔ (၂၇)ရက္ မနက္(၈)နာရီတြင္ ရန္ကုန္ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ျမက္ခင္းတုကြင္း၌ ယွဥ္ျပဳိင္ကစားၾကမွာျဖစ္ပါတယ္။

ယင္းပြဲစဥ္ ကစားေနစဥ္ Zalen page မွ Live နဲ႔တင္ဆက္မွာျဖစ္ပါတယ္။

ခ်င္းျပည္နယ္ ယူ-၁၂အသင္းနည္းျပ ဦးကီးလိန္းက “က်ေနာ္တို႔အသင္းက ေနမေကာင္းတဲ့ကစားဆက္ကန္ခိုင္းရင္ေတာ့ ေကာင္းတဲ့ကေလးတစ္ေယာက္ဆံုးသြားမွာ။ တစ္ေန႔က ကန္ခိုု္င္းတာကြင္းထဲမွာမူးလဲလို႔ထမ္းထုတ္ရတာေလ။ အဖြဲ႔ခ်ဳပ္ဘက္က သူ႔ကိုဆက္မကန္ခိုင္းရင္ေတာ့ က်ေနာ္တို႔အသင္းတြက္စိတ္ပူစရာမရွိဘူး။ ကြာတားမွာရံႈးရင္ေတာ့ ျပဳတ္တာပဲ။ ႏိုင္ရင္ေတာ့ ဆီမီးဖိုင္နယ္တက္ခြင့္ရမယ္။ ဧရာဝတီအသင္းက ေကာင္းတဲ့အသင္းထဲမွာပါတယ္” လို႔ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ ခ်င္းအသင္းက ၃ ပြဲကစားရာ ၃ပြဲစလံုးအႏိုင္ရၿပီး ဂိုး (၂၉)လံုး သြင္းယူႏိုင္ခဲ့တယ္။ မႏွစ္ ယူ-၁၂ ျပဳိင္ပြဲတြင္ ခ်င္းအသင္းက တတိယဆု၊ ဧရာဝတီအသင္းက ဒုတိယဆု၊ မေကြးအသင္းက ပထမဆု အသီးသီးရရွိၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီကြောင့် လေးနှစ်ကျော်အတွင်း မသန်စွမ်း ၁၁၇ ဦး သေဆုံး

အောက်တိုဘာ ၂၅၊ ၂၀၂၅ Zalen အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်၀န်းက မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ၂၀၂၁ ...

ဆက်ဖတ်ရန်