ခမ်းပတ် ရဲစခန်း နဲ့ ရာဇဂြိုလ်စစ်ကောင်စီစခန်း သိမ်းပိုက်

၃၊နိုဝင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပတ်မြို့ ရဲစခန်းနဲ့ ကလေးမြို့နယ် ရာဇဂြိုလ်-၂ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီလို့သတင်းရရှိပါတယ်။

ယနေ့ နိုဝင်ဘာ ၃ရက်နေ့ မနက် ၄နာရီဝန်းကျင်ကစ ကလေးမြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ စခန်းသိမ်း တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံများထံက သိရပါတယ်။

“မနက် ၄နာရီ ဝန်းကျင်ကတည်းက ရာဇဂြိုလ် ထောင်နားမှာ သေနတ်သံတွေစကြားရတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးလည်း မနက် ၄နာရီကျော်ကတည်းက ထုနေတာ

လက်ပံချောင်းရွာဘက်ကောကျတယ်။ အနီးနားပြည်သူတွေလည်း ပြေးနေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကလေးမြောက်ပိုင်း ရာဇာဂြိုလ် အကျဉ်းထောင်နဲ့ တောင်ပိုင်းက မြောက်စည်းစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနက် ၃နာရီကျော်လောက်ကစပြီး စတင်တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ယနေ့မနက်စပြီး ခမ်းပတ်မြို့မှာလည်း တိုက်ပွဲဖြစ်ပွားပြီး ရဲစခန်းကိုတော့သိမ်းပိုက်လိုက်ပြီလို့ ဒေသခံများထံကသိရပါတယ်။

စစ်ကောင်စီဘက်က အထိနာလို့ ကလေးမြောက်ပိုင်း နန်းကျင်ဆောင်ရွာဟောင်းဘက်ကို

ဂျက်ဖိုက်တာနဲ့ မနက် ၈နာရီ ၅၇မိနစ်မှာ ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။

လက်ပံချောင်းကျေးရွာထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့လည်းသိရတယ်။ ဒါ့ပြင် နန်းချောင်းရွာနဲ့ မျောက်ချောတောရွာထဲမှာလည်း လက်နက်ကြီးကျရောက်ခဲ့ပေမယ့် ထိခိုက်မှုမရှိပါ။ တိုက်ပွဲနဲ့ပတ်သက်ပြီး အထိခိုက်အကျဆုံးကိုတော့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။

HAK

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ပြည်သူများ ခရီးသွားလာတာ မပြုကြဖို့ PDF-Zoland တိုက်တွန်း

အောက်တိုဘာ ၃၀၊၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က စစ်လေယာဉ်နဲ့ လေးရက်ဆက်တိုက် စစ်အင်အားနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းခဲ့ပြီး တီးတိန်- ကလေးလမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ခရီးသွားလာတာ မလုပ်ကြဖို့ PDF Zoland က ဒီကနေ့သတိပေးထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်