မလေးရှားမှာ မြန်မာ ၂၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

Zalen

မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၅ ဦး အပါဝင် တရားမဝင် ဝင်ရောက်လာတဲ့နိုင်ငံခြားသား ၂၇ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနဟာ သတင်းအရ Wakaf Che Yeh ရှိ ၂၄ နာရီ ညဈေးအနီးရှိ ဟိုတယ်တစ်ခုရဲ နောက်ဘက်မှာ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဝင်ရောက်စီးနင်း စစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

အဆိုပါ စစ်ဆေးမှုအတွင်း မြန်မာအမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၈ ဦး စုစုပေါင်း ၂၀ ဦး ကို စတင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဟာ အသက် ၁၇ နှစ်မှ ၄၀ နှစ်ကြားရှိသူတွေ ဖြစ်ကြပါတယ်။

ခြံဝင်းအတွင်း ဆက်လက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၅ ဦး ထပ်မံတွေ့ရှိခဲ့သလို၊ ဟိုတယ်ခေါင်မိုးပေါ်မှာ ပုန်းအောင်းနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အထောက်အထားမဲ့တွေရဲ့ နောက်ကွယ်က ပွဲစားလို့ ယူဆရတဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ၎င်းကို လူကုန်ကူးမှုတိုက်ဖျက်ရေးအက်ဥပဒေ ၂၀၀၇၊ ပုဒ်မ ၂၆ (က) အရ အမှုဖွင့်ထားကြောင်း သိရပါတယ်။

ကျန်ရှိတဲ့ နိုင်ငံခြားသား ၂၇ ဦးစလုံးကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) ဖြစ်တဲ့ တရားဝင် အထောက်အထားမရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်မှုဖြင့် အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားသူများအားလုံးနဲ့ သိမ်းဆည်းရမိနဲ့ ယာဉ်တွေကို ကလန်တန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ခေါ်ဆောင်သွားပြီး ဥပဒေကြောင်းအရ ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ပါတဲ့ဗုံးများပါအသုံးပြုလာ

ဇွန် ၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား နေ့စဉ် ရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အဆိပ်ပါတဲ့ဗုံးတွေပါအသုံးပြုလာနေ တယ်လို့ သတင်းအရင်းအမြစ်တွေကပြောကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ဆန်းပိုင်းကနေစလို့ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်အင်အား ၃၀၀ ...

ဆက်ဖတ်ရန်