ခရီးသွားပြည်သူတွေရဲ့ဖုန်းဘီလ်ကို ဟားခါးရဲတပ်ဖွဲ့တွေ ခိုးယူလေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ရန်ကုန်သို့သွားမယ့် ခရီးသည်တွေရဲ့ဖုန်းကိုစစ်ဆေးမယ်ဆိုကာ ဟားခါးရဲတပ်ဖွဲ့တွေက ဖုန်းဘီလ် ခိုးယူလေ့ရှိတယ်လို့ ခရီးသွားပြည်သူများထံကသတင်းရရှိပါတယ်။

ခရီးသွားပြည်သူတစ်ဦးက “ရန်ကုန်ကိုသွားမယ့် ခရီးသည်တွေကို စစ်ဆေးရေးဂိတ်မှာရပ်ခိုင်းပြီးတော့ ခရီးသည်တွေဖုန်းကို password ဖြုတ်ခိုင်းပြီးတော့ စစ်ဆေးကြတယ်။ သေသေချာချာစစ်ဆေးချင်လို့ဆိုပြီး ဖုန်းကို ရဲစခန်းထဲယူသွားပြီးတော့ အဲ့မှာ ဖုန်းဘီလ်တွေခိုးသွားကြတာ။ ကျနော်နဲ့အတူကားစီးတဲ့သူဆို ဒီမနက်က ၂သောင်းထည့်ထားတာ ခုတော့ ၅ထောင်ပဲကျန်တော့တယ်တဲ့။ ဒီလို ဖုန်းဘီလ်ခိုးခံတဲ့သတင်းကြားတာ အနည်းဆုံး သုံးကြိမ်လောက်ရှိပြီ။ ခရီးသွားအကုန်လုံးရဲ့ ဖုန်းဘီလ်ကိုတော့ မခိုးဘူး။ သူတို့ ဖုန်းဘီလ်မရှိတဲ့ချိန်ကြရင် ခိုးတာဖြစ်မယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ ဟားခါးမြို့မှအပ ကျန်မြို့နယ်အားလုံး အင်တာနက်လိုင်းဖြတ်တောက်ထားပြီး ဒေတာအင်တာနက်ဖိုးကိုလည်း တိုးမြင့်တာကြောင့် အောက်ခြေလူတန်းစားများအတွက် အင်တာနက်သုံးဖို့ ခက်ခဲလာပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်