ခလရ ၅၀ မှ အကြောင်းမဲ့ပစ်ခတ်တဲ့ လက်နက် ကြီးကြောင့် လာပို့ ရွာသား နှစ်ဉီးသေဆုံး၊ ၁၂ ဦးထိခိုက်ဒဏ်ရာရ

၁၃ ၊ ဇူလိုင် ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့ပေါ်တွင် တပ်စွဲနေထိုင်ကြသော ခလရ ၅၀မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လာပို့ကျေးရွာနေ အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ၀က်၊နွား၊အိမ်‌‌ တွေလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ က လက်နက်ကြီး ၁၂၀မမ ၁၀ လုံးကျော်ကို လာပို့ရွာထဲတွင် ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာပေါ်တည့်တည့်ကျတာများပြီးတော့ ရွာပြင်မှာတစ်လုံးကျ တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့၀င်တစ်ဉီးက “မနက် ၁၀နာရီ၀န်းကျင်လောက်မှာပစ်တာဗျ။ ၁၀လုံးကျော်တယ်။ ရွာပြင်မှာတစ်လုံးကျတယ်။ ကျန်တာအကုန် ရွာတည့်တည့်ကျတာ။ ကိုမြင့်ဆွေဦး နဲ့ မဇင်မာ့မြင့်တို့ကဆုံးသွားတယ်။ ၊ဒဏ်ရာရတဲ့သူက ၁၂ ယောက်ရှိတယ်။ ခြေထောက်ဖြတ်ရမယ့်သူ၊‌ ပေါင်ကျိုး ၊ခါးပြတ်တာလည်းပါတယ်။ ၀က် ၃ကောင်၊နွား ၂ကောင်၊ အိမ်တစ်လုံးထိတယ်ဗျ”လို့ Zalen ကိုပြောပါတယ်။

ဆက်လက်ပြီးအကြမ်းဖက်စစ်ကောင်စီမှ အကြောင်း မဲ့ပစ်ခတ်မှုကြောင့် ဆုံးရှုံးလိုက်ရတဲ့ အရာတွေအ တွက်ပြန်လည်တုန့်ပြန် တဲ့အနေနဲ့ ဒီကနေ့ ညနေ ၆ နာရီ ၀န်းကျင် ခန့်မှာ လက်လုပ် ၆၀မမ၊ရော့ကစ် တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ “ကျွန်တော်တို့ကိုအကြောင်း မဲ့ပစ်ခတ်မှုကြောင့် အသက်တွေ၊အိုးအိမ်တွေ၊နွား၊ ၀က် တွေ ဆုံးရှုံးခဲ့ရတယ်၊အဲဒီအတွက် မခံနိုင်လို့ပြန်ပစ်တာဗျ၊ ၆၀ မမ၊ရော့ကစ် တွေနဲ့ဗျ။ သူတို့ဘက်ကလည်းပြန်ပစ်တယ်။ အခုပစ်နေကြတုန်းဗျ” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့၀င်များက ယခင်တုန်းက လာပို့ရွာကို လက်နက်ကြီး၊လေကြောင်း၊စစ်ကြောင်း နဲ့ထိုးစစ်တိုက်ခိုက်တာတွေ မရှိခဲ့ပေမဲ့ လာပို့ရွာနားမှာတော့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ အဖွဲ့ထိတွေ့မှု နှစ်ကြိမ်အထိရှိခဲ့ဖူးတယ်လို့သိရပါတယ်။

ယောနေ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်