ချင်းပါတီ(၃)ခု ပေါင်းစည်းရေးလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် စက်တင်ဘာ(၂၉) ညနေ (၄)နာရီတွင်ကျင်းပပါမယ်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဟာ စက်တင်ဘာ (၂၂)ရက်နေ့တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)နာမည်ဖြစ် ပေါင်းစည်းဖို့သဘောတူဆုံးဖြတ်ကြပါတယ်။
ပေါင်းစည်းလက်မှတ်ထိုးပွဲမှာ မြို့နယ်တစ်မြို့နယ်မှ ကိုယ်စားလှယ်(၅)ဦးနဲ့ ချင်းလူမှုအဖွ့ဲအစည်းနဲ့မျိုးနွယ်စုအသင်းများကိုလည်းဖိတ်ကြားမယ်လို့သိရပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)မှာ ဥက္ကဌတာဝန်ကို ပါတီ(၃)ခုက ဥက္ကဌတွေက အလှည့်ကျတာဝန်ယူကြမှာဖြစ်ပါတယ်။ ပါတီသစ်မှတ်ပုံတင်ကို အောက်တိုဘာလ(၁၃)ရက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) CEC တွေကဆက်လက်ဆွေးနွေးသွားမယ်။
နောက်ဆုံးရသတင်းများ
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော
ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...