ချင်းဘာသာစကား သုံးမျိုးနဲ့ စာစီစာကုံးပြိုင်ပွဲပြုလုပ်မယ်

ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးတွေပါဝင်နိုင်မယ့် စာစီစာကုံးယှဉ်ပြိုင်နိုင်ဖို့ ဖလမ်း၊ မီးဇို၊ ဟားခါး ဘာသာစကားသုံးမျိုးနဲ့ စာစီစာကုံးပြိုင်ပွဲကို Letpan Artist Circle အဖွဲ့ဦးဆောင်ပြီး ပြုလုပ်မယ်လို့သိရပါတယ်။

စာလုံးရေ (၁၅၀၀) ကနေ သုံးထောင်ကြားသတ်မှတ်ထားပြီး စာစီစာကုံးကို စက်တင်ဘာလ (၃၀)ရက် ည ၁၂း၀၀ နာရီ ထိ facebook: Edward CL Mawia, Email: edwardmawia2@gmail.com; Phone: +959255488600 နဲ့ FB: Jesse KlirlungzKipling
E-mail: jcphektereng@gmail.com; Phone: +959254023558 တို့တွင်ပေးပို့နိုင်ပါတယ်။

ကိုဂျေစီက “လူငယ်တွေ စာကောင်းပေကောင်းဖတ်ချင်တဲ့သူ တော်တော်လျော့နည်းသွားပြီ။ အွန်လိုင်းပေါ်က စာတိုလေးတွေပဲဖတ်ချင်ကြတယ်။ စာပေကောင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ သိစေချင်တယ်။ စာပေအမျိုးအစားက ငါးမျိုးရှိပေမယ့် စာစီစာကုံးက အလွယ်ဆုံး စကားပြေဖြစ်တဲ့တွက် သူတို့တွက်လည်းလွယ်မယ်လို့ယူဆတာကြောင့် စာစီစာကုံးပြိုင်ပွဲလုပ်ရခြင်းဖြစ်တယ်”လို့ပြောတယ်။

ပထမဆုံး တစ်သိန်းနဲ့ဖလား၊ ဒုတိယဆု ရှစ်သောင်းနဲ့ ဖလား၊ တတိယဆု ငါးသောင်းနဲ့ ဖလား သတ်မှတ်ထားပါတယ်။ အမှတ်ပေးစည်းမျဉ်းတွေကတော့ prose style- ၂၀ ရာခိုင်နှုန်း၊ flow of message content- ၂၀ ရာခိုင်နှုန်း၊ body of Essay- ၃၀ ရာခိုင်နှုန်း၊ အခြား- ၁၀ ရာခိုင်နှုန်း၊ Originality- ၂၀ ရခိုင်နှုန်း စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်