ချင်းရိပ်သာတည်ဆောက်ဖို့ ပါဝင်လှူဒါန်းနိုင်

ရန်ကုန်မှာ ချင်းလူမျိုးများအားလုံး အသုံးပြုနိုင်တဲ့ ချင်းရိပ်သာနဲ့ ရုံးကို All Chin Society, ရန်ကုန်အဖွဲ့က ယခုနှစ်အတွင်းဆောက်ဖို့စီစဉ်ထားပြီး ယင်းအတွက် ပြည်တွင်းပြည်ပရောက်ချင်းတွေအားလုံး ပါဝင်လှူဒါန်းနိုင်ပါတယ်။

ခုချိန်မှာ ချင်း နွယ်စုအလိုက်၊ မြို့နယ်အလိုက်လှူဒါန်းတဲ့အလှူငွေနဲ့ သိန်း(၆၀၀)ကျော်နဲ့ ခြံအုတ်တံတိုင်တည်ဆောက်ထားပါတယ်။

“အခုဆောက်မယ့်ရုံးက ရန်ကုန်မှာရှိတဲ့ ချင်းလူမှုအဖွဲ့အစည်းတွေအားလုံးအတွက် ရုံးဖြစ်ပါတယ်။ နောက်ပိုင်းကျရင် ချင်းအမျိုးသားနေ့နဲ့အခြား ချင်းလူမျိုးပွဲတွေတွက်အသုံးပြုလို့ရမယ့် ခန်းမလည်းဆောက်မယ်။ ပြီးတော့ နိုင်ငံခြားရောက် ချင်းတွေပြန်လာတဲ့ချိန်နဲ့ အကြောင်းအမျိုးမျိုးကြောင့် နယ်ကနေ ရန်ကုန်ကိုရောက်လာတဲ့သူတွေ နားခိုနိုင်ဖို့ ပေ ၁၀၀x၂၀၀ ကျယ်တဲ့ (၁၂)ထပ်အဆောင်လည်းဆောက်ဖို့ရှိတယ်”ဟု All Chin Society, Yangon ဥက္ကဌ ဦးပီတာငွန်ဇကျူံးကပြောတယ်။

Zalen ad

အဆိုပါ ချင်းရိပ်သာဟာ လေးဧကကျယ်ဝန်းပြီး အရှေ့ဒဂုံမြို့နယ် (၁၅)ရပ်ကွက်တွင်တည်ရှိပါတယ်။ လက်ရှိတွင် ခြံအုတ်တံတိုင်ကို သိန်း (၆၀၀)ကျော်အကုန်အကျခံ၍ တည်ဆောက်ထားတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ – 095409980‬; 09420286734; ‭095008638‬.

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်