ချင်းလူမျိုးထဲမှ ပထမဆုံး B.A ဘွဲ့ရရှိသူ နှစ်ဦးကြေးရုပ်ထု မကြာမီဖွင့်လှစ်မယ်

ချင်းလူမျိုး အမျိုးသားနဲ့အမျိုးသမီးတွေထဲမှာ ပထမဆုံး B.A ဘွဲ့ရရှိတဲ့ Pu Siah Luai နဲ့ Pi Hlawn Kip Thluai တို့ရဲ့ ကြေးရုပ်တုကို ဖလမ်းမြို့ အ.ထ.က(၁)ကျောင်းဝင်ပေါက်အနီးမှာ မကြာခင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

ဒီရုပ်တုတွေကို ပြည်တွင်းပြည်ပ ဖလမ်းလူငယ်အဖွဲ့အစည်း(GFYO)ရဲ့စီစဉ်မှုနဲ့လုပ်ဆောင်တာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ဖလမ်းလူငယ်အဖွဲ့အစည်း(GFYO)အတွင်းရေးမှူး ဆလိုင်းဘွဲ့ဘွဲ့ဗန်ဘွဲ့လျန်က “စီမံကိန်းမှာတော့ ဒီဇင်ဘာလဖွင့်ဖို့စီစဉ်ထားပေမယ့် အခုအခြေအနေနဲ့တော့ သိပ်မသေချာဘူး။ ဒါကြောင့် နောက်လထဲမှာလည်း ဖွင့်ပွဲလုပ်နိုင်တယ်။ ကြေးရုပ်တုစိုက်ထူရခြင်းရည်ရွယ်ချက်ကတော့ လူငယ်တွေအတုယူထိုက်တဲ့သူဖြစ်သလို သူတို့ကိုကြည့်ပြီး လူငယ်တွေ ကြိုးစားချင်စိတ်ရှိလာဖို့ ရည်ရွယ်ထားပါတယ်”လို့ပြောပါတယ်။

ချင်းအမျိုးသားထဲမှာ ပထမဆုံး B.A ဘွဲ့ရ Pu Siah Luai

ချင်းအမျိုးသားထဲမှာ ပထမဆုံး B.A ဘွဲ့ရရှိသူ Pu Siah Luai ဟာ ချင်းတော်လှန်ရေးသူရဲကောင်း ဗိုလ်ကြွမ်ဘိတ်ရဲ့မြေးးဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ B.A ဘွဲ့ရရှိသွားပါတယ်။ ၁၉၄၀ ခုနှစ်မှာ B.Ed ဘွဲ့ထပ်မံရရှိပြီး ချင်းပြည်နယ်ရဲ့ ပညာရေးမှူးအထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်။ သူဟာ ၁၉၁၆ ခုနှစ်မှာ မွေးဖွားပြီး ၁၉၇၃( ၅၇ နှစ်)မှာ ဆုံးသွားပါတယ်။

ချင်းအမျိုးသမီးတွေထဲမှာ ပထမဆုံး B.A ဘွဲ့ရ Pi Hlawn Kip Thluai

ချင်းအမျိုးသမီးတွေထဲမှာ ပထမဆုံး B.A ဘွဲ့ရရှိသူ Pi Hlawn Kip Thluai ဟာ ဇာဟောင်မျိုးနွယ်စုနဲ့ ဟွာလ်ငိုးမျိုးနွယ်စု အုပ်ချုပ်သူ ပူးထန်သင်လျန်ရဲ့ သမီးဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကနေ B.A ဘွဲ့ရရှိခဲ့ပါတယ်။ ပြည်ပမှာ ပညာဆက်လက်သင်ကြားပြီး ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ စစ်ကိုင်းနဲ့ ပုသိမ်မြို့ ကျောင်းတွေမှာ နှစ်ပေါင်း(၃၀)ကြာ အင်္ဂလိပ်စာပြခဲ့ပါတယ်။ လက်ရှိ အမေရိကန်မှာ နေထိုင်ပါတယ်။ ၎င်းအစ်ကိုဟာ ဦးနုလက်ထက် ချင်းပြည်နယ် ဝန်ကြီးဟောင်း (လက်ရှိအခေါ် ဝန်ကြီးချုပ်) ဦးဇာဟရဲလျန်ဖြစ်ပါတယ်။

Pi Hlawn Kip Thluai က “ကျမတို့ခေတ်တုန်းက မိန်းကလေးတွေ ကျောင်းမတက်ခိုင်းကြဘူး။ ကျမအဖေကိုယ်တိုင် ပညာရေးကို အားမပေးဘူး။ အစ်ကိုတွေ နွေရာသီကျောင်းပိတ်တဲ့ချိန်အိမ်ပြန်လာတဲ့ချိန်မှာ ချင်းစာနည်းနည်းသင်ပေးတယ်။ အဖေဆုံးသွားတဲ့ ၁၉၄၇ ခုနှစ်နောက်ပိုင်းမှပဲ အစ်ကိုတွေက ကျောင်းတက်ဖို့တိုက်တွန်းတော့ အဲ့လိုကျောင်းတက်ဖြစ်သွားတယ်”လို့ Chin World နဲ့အင်တာဗျူးမှာပြောပါတယ်။

ကြေးရုပ်ကို GFYO က ၂၀၁၆ ခုနှစ်မှာစတင်ပြီး စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ဒီနှစ်မှပဲ စိုက်ထူနိုင်ခဲ့တယ်။ ကြေးရုပ်တုတွေဟာ ၂x၁ ပေရှိပြီး စုစုပေါင်း ကုန်ကျစရိုက်က သိန်း (၇၀)ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်