ချင်းပြည်နယ်မှာ ပထမအကြိမ် အလုပ်အကိုင်ပြပွဲကျင်းပ

ချင်းပြည်နယ်မှာ ပထမအကြိမ် အလုပ်အကိုင်ပြပွဲမှာ အလုပ်အကိုင် တစ်ထောင်ကျော်ခေါ်ယူမယ်လို့ ဦးဆောင်ကျင်းပတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ဟားခါးတာဝန်ရှိသူတစ်ဦးထံကသိရတယ်။

အလုပ်အကိုင်ပြပွဲမစတင်မှီ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်း(ဓာတ်ပုံ- အောင်မြင်မှု)

ဒီပြပွဲကို ယနေ့ နံနက်(၉)နာရီကနေ ညနေ(၅)နာရီထိ ဟားခါးမြို့ ကာဆင်ခန်းမမှာကျင်းပပြီး ချင်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)တို့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

အလုပ်အကိုင်ပြပွဲမှာ ရန်ကုန်၊ မန္တလေး၊ ကလေးနဲ့ ဒေသခံ ကုမ္မဏီ(၂၀)ကျော်နဲ့ အစိုးရဌာနတွေက အလုပ်အကိုင်လာရောက်ပြသကြပါတယ်။

အခုလို အလုပ်အကိုင်ပြပွဲကို ဒီနှစ် ဒီဇင်ဘာလမှာ ဖလမ်းမြို့တွင်လည်းကျင်းပဖို့ စီစဉ်ထားပါတယ်။

 

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်