ချင်းပြည်နယ်အစိုးရက ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်နုတ်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပမှာမဟုတ်ဟုဆို

ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့စက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ဟာ ၄င်းသဘောထားဆန္ဒနဲ့နုတ်ထွက်တာဖြစ်တဲ့တွက် ချင်းပြည်နယ်အစိုးရက သတင်းစာရှင်းလင်းပွဲကျင်းပမှာမဟုတ်ဘူးလို့ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ကဆိုပါတယ်။

မေလဆန်းမှာ လုပ်ငန်းမနိုင်နှင်တဲ့ ဝန်ကြီးသုံးပါးကို တာဝန်ကနေအနားဖို့ (သို့)ပြောင်းရွေ့ဖို့ကိစ္စသတင်းတွေထွက်ပေါ်လာပါတယ်။ ၄င်းသတင်းထွက်ပြီးမကြာခင် ဝန်ကြီးဟောင်းဆလိုင်းအိုက်ဇက်ခင်ဟာ နုတ်ထွက်စာတင်ပြီး မေလ(၁၇) ရက်မှာ သမ္မတခွင့်ပြုချက်နဲ့ နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

ဓာတ်ပုံ- Salai Issac Khen facebook

ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က မေလ(၁၈)ရက်တွင် ၄င်းလူမှုကွန်ရက်စာမျက်နှာပေါ်၌ “ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိသဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး၊ ယမန်နေ့ (၁၇၊ မေလ ၂၀၁၈)မှာ နိုင်ငံတော်သမ္မတကြီးက တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်”လို့ရေးသားထားပါတယ်။

 ဆလိုင်းအိုက်ဇက်ခင်နုတ်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကြား ထင်မြင်ယူဆချက်အမျိုးမျိုးပေါ်ထွက်လာပြီး ယင်းကိစ္စအား ပြည်နယ်အစိုးရကိုယ်တိုင် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖို့လိုလားနေကြပါတယ်။

Zalen ad

“ဒီကိစ္စကိုပြည်သူတွေဆီ ရှင်းလင်းပွဲလုပ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သှူ့ဆန္ဒနဲ့နုတ်ထွက်ထားတယ်လေ။ ဒီကိစ္စက အသေးစိတ်ဖြေရှင်းတာ ကောင်းမှာမဟုတ်ဘူး”လို့ ပူဇိုဘွဲ့ကပြောပါတယ်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်