ချင်းပြည်နယ် မြို့(၃)မြို့မှာ မိုးလုံလေလုံအားကစားကွင်းတည်ဆောက်မယ်

ချင်းပြည်နယ် ကန်ပက်လက်၊ ထန်တလန် နဲ့ တီးတိန်မြို့တွေမှာ မိုးလုံလေလုံအားကစားတည်ဆောက်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ(၇)ရက်မှာကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာပြောပါတယ်။

ကန်ပက်လက်ဘောလုံးကွင်း ပွဲကြည့်စင်(ဓာတ်ပုံ-Zung Len Cer)

ဒေါက်တာမြင့်ထွေးက “ကန်ပက်လက်နဲ့ ထန်တလန်မှာ မိုးလုံလေလုံအားကစားကွင်း ကျပ်သန်း (၂၅၀)စီနဲ့ စုစုပေါင်း ကျပ်သန်း(၅၀၀) ဖြင့် ၂၀၁၈-၂၀၁၉ ပြည်ထောင်စုဘတ်ဂျက်မှာတင်ထားတယ်။ ရဖို့အခြေအနေလည်းရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးသွားရင်ရပါတယ်။ နောက် တီးတိန်မြို့မှာ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ မိုးလုံလေလုံအားကစားကွင်းအတွက် ကျပ်သန်း (၂၅၀)နဲ့ ပွဲကြည့်စင် ကျပ်သန်း(၈၀)တည်ဆောက်ဖို့ထားတင်ပြသွားမယ်”လို့ဆိုပါတယ်။

Zalen ad

ယင်းအားကစားကွင်းတွေဟာ ပေ ၁၂၀x၉၀ အကျယ်အဝန်းရှိပြီး အမြင့် (၃၅)ပေနဲ့ တည်ဆောက်မှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်