ချင်းပြည်ဘတ်ဂျက် ကျပ်သန်းပေါင်း တစ်သိန်းကျော်အတည်ပြု၊ ထက်ဝက်ကျော် လမ်းတံတားအတွက်ယာထား

၂၀၁၈ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလထိ ချင်းပြည် ဘတ်ဂျက်ကို ကျပ်သန်းပေါင်း (၁၄၄,၈၉၆ ဒသမ ၄၂၁) အသုံးပြုဖို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုပါတယ်။

ဇွန်လ(၁၁)ရက်မှာကျင်းပတဲ့ (၁၃)ကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အခုလိုအတည်ပြုထားတာပါ။

ဘတ်ဂျက်အများဆုံး အသုံးပြုမယ့် လမ်းတံတားဆောက်လုပ်ရေးမှာ ကျပ်သန်းပေါင်း(၆၅၃၈၈ ဒသမ ၁၄၈) ဖြစ်ပါတယ်။ ပြီးတော့ ဒုတိယအများဆုံး အသုံးပြုမယ့်ကဏ္ဍာကတော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက်ဖြစ်ပြီး ကျပ်သန်းပေါင်း(၈၁၂၅ ဒသမ ၀၃၉) ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်