ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ပလက်ဝစစ်ရှောင်ပြည်သူတွေထံသွားရောက်ပြီး အလှူငွေပေးအပ်

 

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူးက ပလက်ဝစစ်ရှောင်ပြည်သူတွေထံသွားရောက်ပြီး အလှူငွေပေးအပ်

ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်း နှစ်နေရာသို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ လောဟာလိန်း ကိုယ်တိုင် ဧပြီ(၂၆)ရက်တွင်သွားရောက်ပြီး အလှူငွေသိန်း (၁၀၀)ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

Zalen ad

ထန်တလန်မြို့မှာကျင်းပတဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့သင်းလုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အသင်းတော် (၉၀၇)ပါးရဲ့ အလှူငွေတွေကိုသွားရောက်ပေးအပ်တာဖြစ်ပါတယ်။

ပလက်ဝနှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့ ဘဏ္ဍာထိန်း သိက္ခာတော်ရ ဆရာဦးအောင်လံက “နယ်အဖွဲ့ဆီမှာငွေသား သိန်း (၁၀၀)ပေးအပ်ပါတယ်။ ကျန်တဲ့အလှူငွေလည်းထပ်ပို့ပေးမယ်လို့ပြောပါတယ်။ အဲ့ဒီငွေကြေးနဲ့ လောင်ကဒူးမှာ ဆန် ၉ အိတ်၊ နီးနားကရွာတွေမှာ ဆန် ၁၆ အိတ်ပေးလိုက်ပြီ။ မီးဇာနဲ့ တဝိုက်မှာရှိတဲ့ အိမ်ခြေ ၂၀၀ ဆီဆန်အိတ်တွေထပ်လှူဖို့ရှိတယ်။ စစ်ရှောင်ပြည်သူတွေကတော့ အဓိက စားဝတ်နေရေးခက်ခဲတယ်။ ပြီးတော့ မကြာခင်ကျောင်းလည်းဖွင့်တော့မှာဆိုတော့ ကလေးတွေပညာရေးစရိတ်တွေလိုတယ်။ စခန်းတွေသွားတဲ့ချိန်မှာ စစ်ရှောင်ပြည်သူတွေမျက်နှာမှာသိမ်ငယ်နေတဲ့မျက်နှာတွေ့ရတယ်။ ကလေးတွေလည်း စိတ်ဓာတ်ကျပြီးကျောင်းဆက်မတတ်ချင်တော့မှာလည်းစိုးရိမ်တယ်” လို့ပြောပါတယ်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လက်ထောက်အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ Thiam Uk က “အလှူငွေတွေအကုန်လုံးတော့ ကျနော်တို့လက်ထဲမရောက်လာသေးပေမယ့် ကြိုတင်ထောက်ပံ့ပေးတာဖြစ်တယ်။ အဖွဲ့ချုပ်က ဘာလို့စစ်ရှောင်တွေတွက် ဘတ်ဂျက်သီးသန့်မထားပေးတာလဲဆိုရင် ဘတ်ဂျက်သီးသန့်ဆွဲပေးရင်လည်း ငွေကြေးအများကြီးဆွဲပေးနိုင်မှာမဟုတ်ဘူး။ အဲ့ဒါထက် အခုလို အသင်းတော်တိုင်းက အလှူငွေတွေပေးလှူတာပိုကောင်းပါတယ်။ ပြီးတော့ အသင်းတော်အားလုံးလိုလိုကလည်း စစ်ရှောင်တွေအတွက်ဘတ်ဂျက်တွေဆွဲပေးထားပါတယ်” လို့ပြောပါတယ်။

ဧပြီလ (၂၁)ရက်နေ့ အလှူငွေလည်း ကချင်စစ်ဘေးရှောင်ပြည်သူတွေ ထောက်ပံ့ဖို့ပေးအပ်သွားပါမယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်