ချင်းတိုင်းရင်းသူ CDM ကျောင်းဆရာမ အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၁၀ နှစ်ချမှတ်ခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က ချင်းတိုင်းရင်းသူ CDM ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၂၈ ရက်က သံတွဲတရားရုံးကနေ ပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မြေလတ်သံသတင်းတွင်ဖော်ပြထားပါတယ်။

အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည် (၄၅နှစ်) ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၊ ရွှေတောင်ရေခဲစက်နောက်လမ်းကနေအိမ်မှာ အာဏာသိမ်းစစ်ကောင်စီတပ် လာဖမ်းသွားခဲ့တာဖြစ်တယ်။

“သူအဖမ်းခံရတဲ့ နေ့ကတော့ အိမ်စီးကားနဲ့လာဖမ်းတာ ကားပေါ်ကနေ ရပ်ကွက်ကတယောက်ကိုတော့မှာခဲ့ သူ့အတွက်မပူနဲ့ သူမဟုတ်တာ ဘာမှမလုပ်ထားဘူး အမှန်တရားအတွက်ဘဲ သူ့အမေနဲ့ သားတွေကိုတော့ စောင့်ရှောက်ပေးပါလို့ မှာတယ်” လို့ မိတ်တွေတဦးက ပြောပါတယ်။

Zalen ad

Zawgyi

ခ်င္းတိုင္းရင္းသူ CDM ေက်ာင္းဆရာမ အၾကမ္းဖက္ပုဒ္မနဲ႔ ေထာင္ ၁၀ ႏွစ္ခ်မွတ္ခံရ

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕က ခ်င္းတိုင္းရင္းသူ CDM ေက်ာင္းဆရာမ ေဒၚခ်ယ္ရီသက္ရွည္ကို စစ္ေကာင္စီက ယမန္ေန႔ ဧၿပီ ၂၈ ရက္က သံတြဲတရား႐ုံးကေန ပုဒ္မ ၅၀ ည နဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ခ်မွတ္လိုက္တယ္လို႔ ေျမလတ္သံသတင္းတြင္ေဖာ္ျပထားပါတယ္။

အထက္တန္းျပဆရာမ ေဒၚခ်ယ္ရီသက္ရွည္ (၄၅ႏွစ္) ကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၂၀ ရက္က ေတာင္ကုတ္ၿမိဳ႕၊ ကံပိုင္ရပ္ကြက္၊ ေ႐ႊေတာင္ေရခဲစက္ေနာက္လမ္းကေနအိမ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္ လာဖမ္းသြားခဲ့တာျဖစ္တယ္။

“သူအဖမ္းခံရတဲ့ ေန႔ကေတာ့ အိမ္စီးကားနဲ႔လာဖမ္းတာ ကားေပၚကေန ရပ္ကြက္ကတေယာက္ကိုေတာ့မွာခဲ့ သူ႔အတြက္မပူနဲ႔ သူမဟုတ္တာ ဘာမွမလုပ္ထားဘူး အမွန္တရားအတြက္ဘဲ သူ႔အေမနဲ႔ သားေတြကိုေတာ့ ေစာင့္ေရွာက္ေပးပါလို႔ မွာတယ္” လို႔ မိတ္ေတြတဦးက ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

One Championship တတိယ မြောက်ပွဲစဉ်အဖြစ် ချော့ဒီ နဲ့ ထိုးသတ်မယ့် ချင်းဖိုက်တာ ဆလိုင်း ထန်းခွီရှိန်း

ဧပြီ ၁၀ ၊၂၀၂၆Zalen ထိုင်းနိုင်ငံ ၊ဘန်ကောင်မြို့၊Lumpinee Stadium မှာကျင်းပမယ့် One Friday Fight -150 မှာ ထိုးသတ်မယ့် ချင်းလူငယ်ဖိုက်တာ ဆလိုင်း ထန်းခွီရှိန်း ကတော့ One Championship မှာတတိယမြောက်ပွဲစဉ်အဖြစ် ...

ဆက်ဖတ်ရန်