ချင်းပြည်တောင်ပိုင်း မြို့နယ်များမှာ ကာလဝမ်းရောဂါဖြစ်သူ ၅၀၀ နီးပါးရှိပြီး သေဆုံးသူတစ်ချို့လည်းရှိနေ

၆၊ ဖေဖော်ဝါရီလ၊ ၂၀၂၅

Zalen

ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တို့မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယာရောဂါ ဖြစ်သူ ၅၀၀ နီးပါးရှိပြီး သေဆုံးမှုတွေလည်းရှိနေကြောင်း Chin Telehealth က မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်အတွင်း ရောဂါဖြစ်ပွားသူ ၁၄၃ ဦး၊ မတူပီမြို့နယ်မှာ ၁၉၀ ဦး၊ ကန်ပက်လက်မြို့နယ်မှာ ၂၄ဦး နဲ့ ပလက်ဝမြို့နယ်မှာ ၁၂၄ ဦး အားလုံးပေါင်း ၄၈၁ ဦးရှိနေတယ်လို့ဆိုပါတယ်။

Zalen ad

အဆိုပါရောဂါခံစားနေရတဲ့ လူနာ ၄၈၁ ဦးအနက် ပလက်ဝမြို့နယ်အတွင်း အသက် ၁ နှစ်အောက် ကလေးငယ်နှစ်ဦး၊ မင်းတပ်မြို့နယ်အတွင်း ၁ နှစ်အောက်ကလေးငယ်တစ်ဦး နဲ့ လူကြီးတစ်ဦး အားလုံးပေါင်း ၄ ဦးသေဆုံးခဲ့ရပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ “ဒီစာရင်းတွေက Chin Telehealth အနေနဲ့ လက်လှမ်းမှီသလောက် စာရင်းကောက် ထားတာ ဖြစ်မယ်။ မြေပြင်မှာဒီထက်လည်းများနိုင်တယ်။ Chin Telehealth မှာက အွန်လိုင်းကနေ ဆေးခန်းပြလို့ ရအောင် စီစဉ်ပေးထားတော့ တစ်ခုခုဖြစ်ရင် သူတို့ Page ကနေဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆေးညွှန်ပေးလို့ ရတဲ့ဟာတွေကိုတော့ ညွှန်ပေးတယ်။ ခွဲစိတ်ဖို့လိုတဲ့အရာတွေဆိုရင်တော့ နောက်ထပ်အချိတ်အဆက်တွေ လုပ်ပေးတယ်ပေါ့။” လို့ Chin Telehealth နဲ့ နီးစပ်တဲ့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ ကာလဝမ်းသံသယာ ရောဂါဟာ အသက်ဆုံးရှုံးနိုင်တဲ့ရောဂါဖြစ်လို့ ပြည်သူ များအနေနဲ့ ကြိုတင်သတိထားနိုင်ရန် Chin Telehealth က အသိပေးထားခြင်းဖြစ်ပြီး သူတို့ရဲ့ Page Messenger ကနေ လိုအပ်တာတွေ စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်