ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ လူနာအားလုံး ဆေးရုံကဆင်းပြီ

ချင်းပြည်နယ်ရဲ့ ကိုဗစ်-၁၉ ရောဂါ နောက်ဆုံးလူနာဖြစ်တဲ့ case-232 ဟာ ပြန်လည်သက်သာလာသဖြင့် ယနေ့ ၁၂ နာရီခွဲတွင် ဟားခါးဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီလို့သတင်းရရှိပါတယ်။

case-232 ဟာ မင်းတပ်မြို့နယ် ကြာလေလှိုင်းကျေးရွာသား (၂၃ နှစ်)ဖြစ်ပြီး မလေးရှားနိုင်ငံကနေပြန်ရောက်လာတာဖြစ်ပါတယ်။

၎င်းရဲ့ကျန်းမာရေးကို (၇)ကြိမ် ဓာတ်ခွဲစစ်ဆေးရာ (၂)ကြိမ်ဆက်တိုင် Negative ပြလာသဖြင့် ဟားခါးဆေးရုံကနေ မင်းတပ်ဆေးရုံကို ယနေ့လွှဲပြောင်းလိုက်ပါတယ်။

Photo: Hakha General Hospital

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ လူနာ (၁၀)တွေ့ရှိခဲ့ရာ ယခုတွင် အားလုံးကျန်းမာစွာဆေးရုံကနေ ဆင်းကြပါပြီ။

Zalen ad

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ လူနာတွေ့ရှိတဲ့နေရာတွေကတော့ တီးတိန်မြို့တွင် (၇)ဦး၊ ဟားခါး၊ ထန်တလန် နဲ့ မင်းတပ်တွင်တစ်ဦးစီ တွေ့ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပတဲ့နေ့မှာပစ်ခတ်မှုဖြစ်ပွား

မတ် ၂၀ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကျင်းပတဲ့ဒီကနေ့ မနက်ပိုင်းမှာ CDF-Hakha နဲ့ စစ်ကောင်စီကြား နာရီဝတ်ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့ဒေသခံသတင်း အရင်းအမြစ်ထံကနေသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ရွေးကောက်ခံခဲ့ကြတဲ့ အမတ်များဟာ ...

ဆက်ဖတ်ရန်