ဧပြီ ၉ ၊ ၂၀၂၆
Zalen
ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ခေါ်ယူကျင်းပတဲ့ တတိယအကြိမ် ၊ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး၊ ပဉ္စမနေ့မှာ ပြည်နယ်ဝန်ကြီး ၇ ဦးကိုလွှတ်တော်က အတည်ပြုလိုက်တယ်လို့သိရပါ တယ်။
အကြမ်းဖက်ခေါင်းဆောင် ၊ အတုအယောင်သမ္မတမင်းအောင်လှိုင် က ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် မိမိ စိတ်တိုင်းကျ ခန့်အပ်ထားတဲ့ ဒေါက်တာဝုန်ဆွင်းထန်က အမည်စာရင်းတင်သွင်းတဲ့ ဝန်ကြီး ၇ ဦးကို အတည်ပြု လိုက်ခြင်းဖြစ်ပါတယ်။
ဒီကနေ့အတည်ပြုလိုက်တဲ့ ပြည်နယ်ဝန်ကြီးများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီးခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဒေါက်တာ လျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးနေလင်းအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးပေါင်ဇလန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးဝင်းဇော်ဦး နဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးအောင်ကျော်ဌေး တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးကပ်တလွန်း၊ ပြည် နယ်စာရင်း စစ်ချုပ်အဖြစ် ဦးမောင်မောင်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးမြတ်စံ နဲ့ တရားသူကြီးများအဖြစ် ဒေါ်မန်းဟောက်လျန်နဲ့ ဦးကျော်သောင်းအောင်တို့ကို လွှတ်တော်မှ အ တည်ပြုခဲ့ကြတယ်လို့သိရပါတယ်။
ဒီကနေ့ အတည်ပြုလိုက်တဲ့ ဝန်ကြီး ၇ ဦးထဲမှာ စိုက်ပျိူးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်ဇလန်း နဲ့ စည်ပင်ဝန်ကြီး ဦးအောင်ကျော်ဌေးတို့ ၂ ဦးသာ လူသစ်ဖြစ်ကြပြီး ဝန်ကြီးချုပ် အပါအဝင် ကျန်တဲ့သူတွေကတော့ ယခင်စစ်တပ် လက်ထက်မှာကတည်းက အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင် က ခန့်အပ်ထားတဲ့ လူဟောင်းတွေဖြစ်ကြပါတယ်။
သတင်း – Mickey



















