ချင်းပြည်နယ် ဆမီးမြို့တွင် အကြမ်းဖက် စစ်တပ်ထောက်ခံပွဲပြုလုပ်ဖို့ စစ်ဘေးရှောင်တွေပါစည်းရုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှာ အကြမ်းဖက် စစ်တပ်ထောက်ခံပွဲပြုလုပ်ဖို့ မြို့ပေါ်ကျေးရွာပါမကျန် စစ်ဘေးရှောင်ပြည်သူတွေပါ စည်းရုံးနေတယ်လို့ဆမီးမြို့ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဒေသခံတစ်ယောက်က “ကြံ့ခိုင်ရေးပါတီဥက္ကဌက သူ့အိမ်မှာခဏလေးလာပါဆိုလို့လိုက်သွားတာ။ စစ်ယူနီဖောင်းဝတ် ၂ ယောက်နဲ့ တစ်ယောက်က အရပ်ဝတ်နဲ့ရောက်လာတယ်။ ဗျူဟာမှူးလို့ပြောကြတယ်။ သူက ဒီမှာ တပ်ထောက်ခံပွဲလေးလုပ်ချင်တယ်။ စည်းရုံးပေးပါအုံးတဲ့။ ကျနော်တို့ကလည်း ရွေးကောက်ပွဲအလွန်မှာ ဘာမှမပတ်သက်တော့ဘူးလို့ပြန်ဖြေတယ်။ ဒါပေမယ့် သူက ပါဝင်ပေးရမယ်နော်လို့ပြောတယ်။ ကျေးရွာကပြည်သူတွေ ဆမီးက စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ခေါ်မယ်လိုု့ကြားတယ်။ ဒါပေမယ့် ဘယ်နေ့ လုပ်မလဲဆိုတာတော့ မသိရဘူး။ ပြည်သူတွေကလည်း ဘယ်လိုလုပ်ရမလဲ စိတ်ပူနေကြတယ်” လို့ပြောပါတယ်။

အကြမ်းဖက် စစ်တပ်ထောက်ခံပွဲပြုလုပ်ဖို့ ဆမီးမြို့ အုပ်ချုပ်ရေးမှူး၊ ရဲမှူးထွန်းကိုကိုလတ်၊ တပ်မ ၁၁ က တပ်မမှူးစိုးမင်းတို့နဲ့ ပြည်သူတွေကို ဖိအားပေးနေကြတယ်လို့သိရတယ်။

လက်ရှိ ဆမီးမြို့တွင် စစ်ဘေးရှောင် အိမ်ခြေ ၄၀၀ ကနေ ၅၀၀ ကြားရှိပါတယ်။

Zalen ad

Zawgyi

ခ်င္းျပည္နယ္ ဆမီးၿမိဳ႕တြင္ အၾကမ္းဖက္ စစ္တပ္ေထာက္ခံပြဲျပဳလုပ္ဖုိ႔ စစ္ေဘးေရွာင္ေတြပါစည္းရံုး

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕မွာ အၾကမ္းဖက္ စစ္တပ္ေထာက္ခံပြဲျပဳလုပ္ဖုိ႔ ၿမိဳ႕ေပၚေက်းရြာပါမက်န္ စစ္ေဘးေရွာင္ျပည္သူေတြပါ စည္းရံုးေနတယ္လုိ႔ဆမီးၿမိဳ႕ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ေဒသခံတစ္ေယာက္က “ၾကံ႕ခုိင္ေရးပါတီဥကၠဌက သူ႔အိမ္မွာခဏေလးလာပါဆိုလို႔လိုက္သြားတာ။ စစ္ယူနီေဖာင္းဝတ္ ၂ ေယာက္နဲ႔ တစ္ေယာက္က အရပ္ဝတ္နဲ႔ေရာက္လာတယ္။ ဗ်ဴဟာမွဴးလို႔ေျပာၾကတယ္။ သူက ဒီမွာ တပ္ေထာက္ခံပြဲေလးလုပ္ခ်င္တယ္။ စည္းရံုးေပးပါအံုးတဲ့။ က်ေနာ္တုိ႔ကလည္း ေရြးေကာက္ပြဲအလြန္မွာ ဘာမွမပတ္သက္ေတာ့ဘူးလုိ႔ျပန္ေျဖတယ္။ ဒါေပမယ့္ သူက ပါဝင္ေပးရမယ္ေနာ္လို႔ေျပာတယ္။ ေက်းရြာကျပည္သူေတြ ဆမီးက စစ္ေဘးေရွာင္ျပည္သူေတြကိုလည္း ေခၚမယ္လိုု႔ၾကားတယ္။ ဒါေပမယ့္ ဘယ္ေန႔ လုပ္မလဲဆိုတာေတာ့ မသိရဘူး။ ျပည္သူေတြကလည္း ဘယ္လုိလုပ္ရမလဲ စိတ္ပူေနၾကတယ္” လုိ႔ေျပာပါတယ္။

အၾကမ္းဖက္ စစ္တပ္ေထာက္ခံပြဲျပဳလုပ္ဖုိ႔ ဆမီးၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး၊ ရဲမွဴးထြန္းကိုကိုလတ္၊ တပ္မ ၁၁ က တပ္မမွဴးစိုးမင္းတို႔နဲ႔ ျပည္သူေတြကို ဖိအားေပးေနၾကတယ္လုိ႔သိရတယ္။

လက္ရွိ ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္ အိမ္ေျခ ၄၀၀ ကေန ၅၀၀ ၾကားရွိပါတယ္။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်