ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးက အမေရိကန်သံရုံးချီးမြှင့်တဲ့ Change of Women Award ဆုလက်ခံရရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ် Change of Women Award ဆုကို ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Mai Len Nei Cer အပါအဝင် မြန်မာအမျိုးသမီး ၃ ဦးက မနေ့ နိုဝင်ဘာ ၉ ရက်နေ့က လက်ခံရရှိတယ်လို့သတင်းရရှိပါတယ်။

NINU အဖွဲ့တည်ထောင်သူနဲ့ ဒါရိုက်တာ Mai Len Nei Cer က ဆုလက်ခံရရှိခြင်းနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ကျမတို့ကိုထောက်ပံ့တဲ့အဖွဲ့တစ်ခုက ကျမကို nominate လုပ်ထားတယ်ဆိုတာသိရတယ်။ ကျမတို့ မနေ့က အမေရိကန်သံရုံးကိုသွားတော့ ဆုချီးမြှင့်လိုက်တယ်။ အမျိုးသမီး ၃ ယောက်ကို ဒီနှစ်အတွက် ဆုကိုပေးထားတယ်။ ကျမကိုဆုပေးတာလဲဆိုရင် ကျမတို့လုပ်ခဲ့တဲ့အလုပ်ပေါ် ချင်းအမျိုးသမီးတွေအတွက် ကျားမတန်းတူရှိလာဖို့အတွက် ကျမတို့လုပ်ခဲ့တဲ့အလုပ်ကို အသိအမှတ်ပြုတယ်လို့သိရတယ်။ ကျမတို့လုပ်လာခဲ့တာ ၈နှစ်လောက်ရှိပြီပေါ့နော်။ ၂၀၁၃ ခုနှစ်မှာ ချင်းတက္ကသိုလ်ကျောင်းသူ၊သားတွေရဲ့ ပွဲတစ်ခုမှာတက်တယ်။ အဲ့ဒီမှာပဲ အဲ့ဒီတုန်းက ရှေ့နေ ဆလိုင်းလျန်လွယ်ကိုဖိတ်ထားတယ်။ သူက ချင်းအက်အကြောင်းပြောတယ်။ အဲ့ဒီမှာ ပထမဆုံးကျမ ချင်းအက်အကြောင်းရှိကြောင်းသိရတယ်။ ချင်းဥပဒေမှာ အမျိုးသမီးကိုခွဲခြားထားကြောင်းသိရတယ်။ ပြောင်းလဲဖို့အတွက် ကျမတို့ နီနူးကိုစလုပ်ခဲ့တယ်။ ချင်းပြည်နယ်အတွင်းမှာဖြစ်စေ၊ ပြည်နယ်ပြင်ပမှာရှိတဲ့ချင်းအမျိုးသမီးဖြစ်စေ ကြိုးစားလုပ်လာခဲ့တာ ၈ နှစ်ရှိပြီ။ ဥပဒေတွေကိုပြောင်းလဲဖို့မလုပ်နိုင်ခဲ့သေးဘူး။ လောလောဆယ်မှာတော့ ဘာမှလှုပ်ရှားလို့မရတော့တဲ့အခြေအနေမျိုးမှာရှိတယ်။ ဆိုတော့ကိုယ်က ဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်တွေတော်တော်ဒုက္ခရောက်နေတဲ့အချိန်မှာ ဒီဆုကိုပေးလိုက်တော့ ကျမတို့အလုပ်ကိုအသိအမှတ်ပြုတဲ့သူတွေရှိနေပါ လာပေါ့။ ရှေ့ဆက်ပြီးတော့ ဆက်လုပ်ဖို့ နည်းနည်းခွန်အားရတယ်ပေါ့။ ကျေးဇူးလည်းတင်တယ်” လို့ပြောပါတယ်။

နီနူးအဖွဲ့ဟာ ချင်းအက်ဥပဒေ နဲ့ ချင်းဓလေ့ထုံးဓံစဉ်လာမှာ ချင်းအမျိုးသမီးတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေကို သုတေသနပြုလုပ်ပြီး စာတမ်းတွေရေးပြီးလှုပ်ရှားတဲ့သူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၁၇ ခုနှစ်ကစပြီး ဒီဆုကို စတင်ချီးမြှင့်ပြီး အမျိုးသမီး ၆ ဦးထံဆုချီးမြှင့်ခဲ့ပါပြီ။

Zawgyi

ခ်င္းအမ်ဳိးသမီးအခြင့္အေရးလႈပ္ရွားသူတစ္ဦးက အေမရိကန္သံရံုးခ်ီးျမွင့္တဲ့ Change of Women Award ဆုလက္ခံရရွိ

ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္သံရံုးကခ်ီးျမွင့္တဲ့ ၂၀၂၁ ခုႏွစ္ Change of Women Award ဆုကို ခ်င္းအမ်ဳိးသမီးအခြင့္အေရးလႈပ္ရွားသူ Mai Len Nei Cer အပါအဝင္ ျမန္မာအမ်ဳိးသမီး ၃ ဦးက မေန႔ ႏိုဝင္ဘာ ၉ ရက္ေန႔က လက္ခံရရွိတယ္လုိ႔သတင္းရရွိပါတယ္။

NINU အဖြဲ႔တည္ေထာင္သူနဲ႔ ဒါရိုက္တာ Mai Len Nei Cer က ဆုလက္ခံရရွိျခင္းနဲ႔ပတ္သက္ၿပီး အခုလိုပဲ ေျပာပါတယ္။

“က်မတို႔ကိုေထာက္ပံ့တဲ့အဖြဲ႔တစ္ခုက က်မကို nominate လုပ္ထားတယ္ဆိုတာသိရတယ္။ က်မတို႔ မေန႔က အေမရိကန္သံရံုးကိုသြားေတာ့ ဆုခ်ီးျမွင့္လုိက္တယ္။ အမ်ဳိးသမီး ၃ ေယာက္ကို ဒီႏွစ္အတြက္ ဆုကိုေပးထားတယ္။ က်မကိုဆုေပးတာလဲဆုိရင္ က်မတို႔လုပ္ခဲ့တဲ့အလုပ္ေပၚ ခ်င္းအမ်ဳိးသမီးေတြအတြက္ က်ားမတန္းတူရွိလာဖို႔အတြက္ က်မတို႔လုပ္ခဲ့တဲ့အလုပ္ကို အသိအမွတ္ျပဳတယ္လုိ႔သိရတယ္။ က်မတို႔လုပ္လာခဲ့တာ ၈ႏွစ္ေလာက္ရွိၿပီေပါ့ေနာ္။ ၂၀၁၃ ခုႏွစ္မွာ ခ်င္းတကၠသိုလ္ေက်ာင္းသူ၊သားေတြရဲ႕ ပြဲတစ္ခုမွာတက္တယ္။ အဲ့ဒီမွာပဲ အဲ့ဒီတုန္းက ေရွ႕ေန ဆလုိင္းလ်န္လြယ္ကိုဖိတ္ထားတယ္။ သူက ခ်င္းအက္အေၾကာင္းေျပာတယ္။ အဲ့ဒီမွာ ပထမဆံုးက်မ ခ်င္းအက္အေၾကာင္းရွိေၾကာင္းသိရတယ္။ ခ်င္းဥပေဒမွာ အမ်ဳိးသမီးကိုခြဲျခားထားေၾကာင္းသိရတယ္။ ေျပာင္းလဲဖုိ႔အတြက္ က်မတို႔ နီႏူးကိုစလုပ္ခဲ့တယ္။ ခ်င္းျပည္နယ္အတြင္းမွာျဖစ္ေစ၊ ျပည္နယ္ျပင္ပမွာရွိတဲ့ခ်င္းအမ်ဳိးသမီးျဖစ္ေစ ၾကိဳးစားလုပ္လာခဲ့တာ ၈ ႏွစ္ရွိၿပီ။ ဥပေဒေတြကိုေျပာင္းလဲဖုိ႔မလုပ္ႏိုင္ခဲ့ေသးဘူး။ ေလာေလာဆယ္မွာေတာ့ ဘာမွလႈပ္ရွားလုိ႔မရေတာ့တဲ့အေျခအေနမ်ဳိးမွာရွိတယ္။ ဆိုေတာ့ကိုယ္က ဘယ္လိုလုပ္ရမလဲဆိုၿပီး စိတ္ေတြေတာ္ေတာ္ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ဒီဆုကိုေပးလိုက္ေတာ့ က်မတို႔အလုပ္ကိုအသိအမွတ္ျပဳတဲ့သူေတြရွိေနပါ လာေပါ့။ ေရွ႕ဆက္ၿပီးေတာ့ ဆက္လုပ္ဖုိ႔ နည္းနည္းခြန္အားရတယ္ေပါ့။ ေက်းဇူးလည္းတင္တယ္” လို႔ေျပာပါတယ္။

နီႏူးအဖြဲ႔ဟာ ခ်င္းအက္ဥပေဒ နဲ႔ ခ်င္းဓေလ့ထံုးဓံစဥ္လာမွာ ခ်င္းအမ်ဳိးသမီးေတြရဲ႕ အခြင့္အေရးဆံုးရႈံးမႈေတြကို သုေတသနျပဳလုပ္ၿပီး စာတမ္းေတြေရးၿပီးလႈပ္ရွားတဲ့သူေတြျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္သံရံုးက ၂၀၁၇ ခုႏွစ္ကစၿပီး ဒီဆုကို စတင္ခ်ီးျမွင့္ၿပီး အမ်ဳိးသမီး ၆ ဦးထံဆုခ်ီးျမွင့္ခဲ့ပါၿပီ။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီကြောင့် လေးနှစ်ကျော်အတွင်း မသန်စွမ်း ၁၁၇ ဦး သေဆုံး

အောက်တိုဘာ ၂၅၊ ၂၀၂၅ Zalen အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်၀န်းက မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ၂၀၂၁ ...

ဆက်ဖတ်ရန်