၁ ၊ဇွန် ၊၂၀၂၄
Zalen
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၊မြောက်ခင်ရမ်း ပျူစစ်ကြောင်း အင်အား (၃၀၀)ခန့်က ရေသာရွာ၊သင်တောရွာ၊ရွှေဘိုရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေချိန် ဒေသခံကာကွယ်ရေး အဖွဲ့များနဲ့ ၃ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲ ရှိတယ်လို့သိရပါတယ်။
ထိုထိတွေ့တိုက်ပွဲကနေ ပြန်ထွက်လာတဲ့ ပျူစစ်ကြောင်းဟာ ရွှေဘိုရွာကို ဝင်ရောက်လာပြီး လူနေအိမ် ၆၆ လုံး မီးရှို့ကာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဉီး ကိုလည်းခေါင်းဖြတ်၊ ကလီစာထုတ်ပြီးသတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။
ထိတွေ့တိုက်ပွဲ နဲ့ပတ်သက်လို့ “အိမ်မီးရှို့တာ ၆၆ လုံးရှိတယ်။ ထိတွေ့မှုကနာရီ ၃ ချက်လောက်ရှိတယ်။ ကျွန်တော်တို့ဖက်ကတော့ အထိအနာမရှိပါဘူး။ ဒါပေမယ့်မိုင်းနင်းမိလို့ တင်တော ရွာသားနှစ်ယောက်ထိတယ်၊တစ်ယောက်ကခြေဖြတ်ရတယ်။ တစ်ယောက်ကတော့နှမ်းခါးမှာသဂြိုလ်တယ်ဗျ၊ ဟိုဖက်က ၇ကောင်သေ၊၃၀လောက်ဒဏ်ရာရတယ်လို့တပ်တွင်းသတင်းအရကြားရတယ်၊ဖောကား နဲ့ပြန်သယ်သွားကြတယ်။ ပြီးတော့ ရွှေဘိုရွာက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ဉီးဇင်မျိုးဝင်းကို ခွေးတွေက လည်လှီး သတ်ဖြတ်ခဲ့တယ်” လို့ ဂန်ဂေါခရိုင် ပကဖ အဖွဲ့ဝင် တစ်ဉီးက Zalen ကိုပြောပါတယ်။
ရွှေဘို၊ရေသာ၊တင်တော ရွာကိုဝင်ရောက်ကာပစ္စည်းခိုး၊အိမ်မီးရှို့၊ပြည်သူတွေကိုသတ်ဖြတ်နေကြတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံပျူစစ်ကြောင်းဟာ ၄င်းရွာတွေကို ၄ကြိမ်အထိဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် မေလ ၁၆ရက်မှ ၃၀ရက်အထိ အိမ်ခြေ ပေါင်း ၄၀၀ နီးပါးပျက်စီးခဲ့ပြီးအရပ်သားပြည်သူ ၃ဉီး အသတ်ခံရတယ်လို့သိရပါတယ်။
မိုးပီအောင်