ဂန့်ဂေါမှာစစ်ကောင်စီက ဦးဆောင်ပြီး ပြည်ထောင်စုနေ့အတွက် ဘောလုံးအားကစားပွဲ ကျင်းပ

ဇန်နဝါရီ ၂၈၊၂၀၂၆

Zalen

မကွေးတိုင်း ၊ ဂန့်ဂေါမြို့ပေါ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီ ဦးဆောင်မှုနဲ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အတွက် ဘောလုံးအားကစားပွဲ ကျင်းပ နေကြတယ်လို့သိရပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ အသင်း ၇ သင်း အထိ ပါ၀င်ကြတယ်လို့ သိရပြီး ဂန့်ဂေါမြို့ပေါ် က ရပ်ကွက် ၄ ခု ကို ၅ သင်း ဖွဲ့ထားပြီး ဌာနဆိုင်ရာပေါင်းစုံ ၊ ပြစ်မ စတဲ့အသင်းတွေပါ၀င်တယ်လို့ သိရပါတယ်။

Zalen ad

“ဒီကနေ့ ညနေပိုင်း ကစပြီး ကန်ကြတာ။မနေ့က ကွင်းဖွင့်ပွဲလုပ်ကြတယ်။ ဒီနေ့ ရုံးဌာနပေါင်းစုံ က ပြစ်မ ကို နိုင်တယ်လို့ကြားတယ်။ မနက်ဖြန်အမှတ်၁ (က)နဲ့ အမှတ် ၁(ခ)အသင်းတို့ ညနေပိုင်းမှာထပ်ကစားကြမှာဗျ”လို့ ဒေသခံ အမျိုးသားတစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး ဒီပြိုင်ပွဲကိုတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ကစားကြမှာလို့ သူကဆက်ရှင်းပြပါတယ်။

ဒီပြိုင်ပွဲကိုတော့ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်မယ့်  ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အတွက် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာ ကော်မတီ ဉက္ကဌ ၊ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ လို့ သိရပါတယ်။

သတင်း – ယောနေ

ဓာတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

India-Myanmar Border

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလာကြောင်း CYMA ပြောကြား

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဩဇာအကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း ( Central Young Mizo Association – CYMA ) က အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မှာကို အလိုမရှိကြောင်း ဗဟိုအစိုးရ ...

ဆက်ဖတ်ရန်