ငဖဲမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို CDF-Asho က ကြားဖြတ်တိုက်ခိုက်ပြီး ၂၀ ဦးထက်မနည်း သေဆုံး

မတ် ၂၇၊ ၂၀၂၆
Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်(အရှို) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၂၀ ဦးထက်မနည်း သေဆုံးပြီး အများပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၅ ရက်၊ နံနက်အစောပိုင်း ၀၀:၁၅ နာရီခန့်မှာ ငဖဲမြို့နယ်အနောက်ဘက် တောရကျောင်းမှာ အခြေစိုက်တဲ့ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို မန်းချောင်းဆည်အနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CDF-Asho က မနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Zalen ad

အဲဒီ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Asho)နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ၂၀ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ စစ်ကောင်စီကြောင့် ၅ နှစ်အတွင်း  ကလေးငယ် ၁၀၆ ဦး သေဆုံးကြောင်း CHRO ထုတ်ပြန်

မတ်၂၇၊ ၂၀၂၆ Zalen စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာကာလအတွင်း ချင်းပြည်နယ်မှာ အပြစ်မဲ့ကလေးငယ်ပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) က မတ် ၂၇ ရက် ဒီနေ့ မှာ စာရင်းဇယားနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်