စကစဖမ်းဆီးထားတဲ့ PDF-Kalay ဆေးတပ်က လူ၂ယောက်ကိုခေါ်ပြီး မြို့လှက အိမ် ၃ အိမ်သို့ဝင်ရောက်ရှာဖွေ

အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ PDF-Kalay တပ်ရင်း ၃ က ဆေးတပ် မိန်းကလေး ၂ ယောက်ကို စကစက အိမ်စီးကားနဲ့ခေါ်ဆောင်ကာ ကလေးမြို့၊ မြို့လှရပ်ကွက်က အိမ် ၃ အိမ်သို့ဝင်ရောက်စစ်ဆေးကာ ကြက်ဥ၊ ကြက်၊ ခြံထွက်သီးနှံတွေယူဆောင်သွားကြတယ်လို့သတင်းရရှိပါတယ်။

မြို့လှဒေသခံတစ်ဦးက “ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကား ၄ စီးက မြို့လှကျောင်းထဲမှာဝင်ကြတယ်။ အတည်တပ်စွဲထားမယ့်ပုံစံပဲ။ အိမ်စီးကားတစ်စီးလည်းပါလာတယ်။ အဲ့ကားကတော့ ကျောင်းထဲမဝင်ဘဲနဲ့ ဖမ်းဆီးခံရတဲ့ မိန်းကလေး ၂ ယောက်ကို အဝတ်နဲ့အုပ်ပြီးတော့ PDF တွေအိမ်ကိုပြခိုင်းတယ်။ ကားထဲမှာလည်း အရပ်ဝတ်တွေနဲ့။ အိမ်ထဲကိုဝင်ပြီးတော့ ရေအိုးအထိ စစ်ဆေးကြတယ်။ အိမ်ထဲက ကြက်ဥတို့၊ ကြက်တို့ ခြံထဲက ဖရုံသီးကအစယူသွားကြတယ်။ လူဖမ်းမိတာတော့မရှိဘူး။ သူတို့က ဓာတ်ပုံကိုပြပြီးလာရှာတာ။ တာဟန်း EFC ဘုရားကျောင်းဝန်းထဲမှာလည်း စစ်သားတွေဝင်လာကြတယ်” လို့ပြောပါတယ်။

Zawgyi

စကစဖမ္းဆီးထားတဲ့ PDF-Kalay ေဆးတပ္က လူ၂ေယာက္ကိုေခၚၿပီး ၿမိဳ႕လွက အိမ္ ၃ အိမ္သို႔ဝင္ေရာက္ရွာေဖြ

အာဏာသိမ္းစစ္ေကာင္စီတပ္က ဖမ္းဆီးထားတဲ့ PDF-Kalay တပ္ရင္း ၃ က ေဆးတပ္ မိန္းကေလး ၂ ေယာက္ကို စကစက အိမ္စီးကားနဲ႔ေခၚေဆာင္ကာ ကေလးၿမိဳ႕၊ ၿမိဳ႕လွရပ္ကြက္က အိမ္ ၃ အိမ္သို႔ဝင္ေရာက္စစ္ေဆးကာ ၾကက္ဥ၊ ၾကက္၊ ျခံထြက္သီးႏွံေတြယူေဆာင္သြားၾကတယ္လုိ႔သတင္းရရွိပါတယ္။

ၿမိဳ႕လွေဒသခံတစ္ဦးက “ဒီေန႔ ေန႔လည္ ၁ နာရီဝန္းက်င္မွာ စစ္ကား ၄ စီးက ၿမိဳ႕လွေက်ာင္းထဲမွာဝင္ၾကတယ္။ အတည္တပ္စြဲထားမယ့္ပံုစံပဲ။ အိမ္စီးကားတစ္စီးလည္းပါလာတယ္။ အဲ့ကားကေတာ့ ေက်ာင္းထဲမဝင္ဘဲနဲ႔ ဖမ္းဆီးခံရတဲ့ မိန္းကေလး ၂ ေယာက္ကို အဝတ္နဲ႔အုပ္ၿပီးေတာ့ PDF ေတြအိမ္ကိုျပခိုင္းတယ္။ ကားထဲမွာလည္း အရပ္ဝတ္ေတြနဲ႔။ အိမ္ထဲကိုဝင္ၿပီးေတာ့ ေရအိုးအထိ စစ္ေဆးၾကတယ္။ အိမ္ထဲက ၾကက္ဥတို႔၊ ၾကက္တို႔ ျခံထဲက ဖရံုသီးကအစယူသြားၾကတယ္။ လူဖမ္းမိတာေတာ့မရွိဘူး။ သူတို႔က ဓာတ္ပံုကိုျပၿပီးလာရွာတာ။ တာဟန္း EFC ဘုရားေက်ာင္းဝန္းထဲမွာလည္း စစ္သားေတြဝင္လာၾကတယ္” လို႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်