စက္ကန့်ရွာနား ဇီးချောင်းကြိုးတံတားထိုးဖို့ ငွေကြေးအခက်အခဲနဲ့ကြုံ

ကလေးမြို့နယ် ရှားတောရွာနဲ့ စက္ကန့်ရွာကြား ဇီးချောင်းကြိုးတံတားထိုးဖို့ ငွေကြေးအခက်အခဲနဲ့ကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်။

ဇွန်လ (၂၀)ရက်မှာ ယာယီတံတားကို ရှားတောရွာ PCM အသင်းတော်ရဲ့အလှူငွေနဲ့ ကိုယ်ထူကိုယ်ထတည်ဆောက်ထားပြီး မိုးများတဲ့ချိန်မှာ ခံနိုင်မယ်မဟုတ်ပါ။ ဒါကြောင့် အရှည် ပေ(၂၀၀) အကျယ် (၄)ပေရှိတဲ့ ကြိုးတံတားကို တည်ဆောက်ဖို့ ရှားတောရွာသားတွေပြင်ဆင်နေပါတယ်။ ဒီကြိုးတံတားတည်ဆောက်ဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက သိန်း(၅၀)ထောက်ပံ့ထားပြီး လိုအပ်တဲ့ သိန်း(၅၀)ကို ရွာသားတွေနဲ့အခြားအလှူငွေတွေဆီ အကူအညီတောင်းမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်