စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ကိုယ်စားလှယ်လောင်း ၃ ဦး ယှဥ်ပြိုင်မယ်

အောက်တိုဘာ ၂၃၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာအတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ယှဥ်ပြိုင်သွားကြမယ်လို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီ ဦးဆောင် ကျင်းပမယ့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ အသီးသီး ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပါဝင်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်တွေဟာ USDP ပါတီ မှ ဦးငွန်ဘွလ်ထန်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP)မှ ဦးဆသင်ထောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဒေါ်သျှန်းနှဲမ်ဆွေး တို့ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်မှာ လူမျိုး ၅၀,၀၀၀ နဲ့အထက်ရှိပါက တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ယှဥ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ တမူး၊ ကလေးအပါအဝင် မြို့နယ်နေရာနှံ့မှာ ချင်းလူမျိုး ၄၀၀,၀၀၀ သိန်းနဲ့အထက်ရှိတာကြောင့် တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ယှဥ်ပြိုင်ခွင့်ရတာပါ။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ဆေးလက်မှတ်ပါရင်လည်း ချင်းတောင်ကို ဆေး၀ါးသယ်ယူခွင့်မပြု

(Below English Version) အောက်တိုဘာ ၂၃ ၊ ၂၀၂၅ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလကုန်ကစပြီး ကလေးမြို့ကနေချင်းပြည်နယ် တီးတိန်မြို့နယ်ကို သွားတဲ့ ...

ဆက်ဖတ်ရန်