စစ်ကောင်စီက ကလေးမြို့ရှိစစ်ဘေးရှောင်တစ်ချို့ကို ပျူစောထီးရွာမှာ ပြောင်းရွေ့ခိုင်းဖို့ပြင်ဆင်

၁၇၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့အတွင်းကို စစ်ဘေးရှောင်လာတဲ့ စစ်ဘေးသင့်ပြည်သူတစ်ချို့ကိုကျောင်းတိုက်ရွာ(ပျူစောထီးရွာ)မှာ ရွေ့ပြောင်းခိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကလေးမြောက်ပိုင်းကနေ မြို့ထဲပြေးလာတဲ့ စစ်ဘေးရှောင်တွေကို ကျောင်းတိုက်မှာ စစ်ဘေးရှောင်ခိုင်းဖို့ပြင်နေတယ်။အရင်တစ်ခေါက်ကျောင်းတိုက်မှာ တိုက်ပွဲဖြစ်တုန်းက စစ်ဘေးရှောင်ပြီး အခုရွာကို ပြန်မလာတဲ့သူတွေရဲ့ နေအိမ်တချို့လည်း တပ်က ဖျက်ထားတယ်”လို့ တပ်တွင်းနဲ့ရင်းနှီးသူတစ်ဦးကပြောပါတယ်။

“အခုတလောမြို့ထဲမှာလည်း စကစတပ်တွေအရပ်ဝတ်နဲ့သွားသွားလာလာလုပ်နေတယ်။ပြည်သူတစ်ချို့ကို ကျောင်းတိုက်ထဲ စစ်ရှောင်ခိုင်းပြီး ကျွန်တော်တို့ဘက်က စစ်ကြောင်းထိုးတိုက်ခိုက်မှာကိုကြောက်လို့ ကြိုတင်ကာကွယ်ချင်တာမျိုးလို့ ယူဆတယ်။ကျွန်တို့သိရလောက်တော့ မြို့ထဲမှာ စစ်ရှောင်တဲ့ကျောင်းတိုက်ရွာခံတွေကို လိုက်စုံစမ်းနေတာလို့ ကြားတယ်။ပြည်သူတွေအနေနဲ့လည်း စိုးရိမ်လွန်တာမျိုးမဟုတ်ဘဲ အသွားအလာကစ မပေါ့ဆစေချင်ဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကလေးမြို့အနောက်မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ကလေးမြို့အတွင်း အရပ်သားထောင်ချီပြီး စစ်ဘေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်