စစ်ကောင်စီက ချင်းပြည်နယ်သို့  ချော်ဆွဲခဲ့သည့် ယာဥ်မောင်းတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟာခါးသို့ မြို့သို့ စစ်ကောင်စီ၏  စစ်လက်နက်နှင့် ရိက္ခာများ ထောက်ပို့ ရန်  ချော်ဆွဲခံရသည့် ကားပိုင်ရှင် ယာဥ်မောင်း ဦးရိုမှင်းထန်း အသက်(၄၁ နှစ်) (Ro Hming Thang ) သည် ယနေ့ဧပြီလ ၁၄ ရက်တွင် သေဆုံးကြောင်းသိရှိရသည်။

၎င်းကိုယ်ပိုင် ကားလည်း မီးလောင်းပျက်စီးသည်ဟု သိရသည်။ ဖလမ်း-ဟားခါးလမ်းမ ပေါ်ရှိ တလန်းဇာရ် (Tlangzar) ကျေးရွာနား တိုက်ပွဲတွင် ဒဏ်ရာရရှိခြင်းဖြစ်သည်။  ယမန်(ဧပြီလ ၁၃ ရက် ) နေ့ ချွန်ကျုံး (Chuncung) ကျေးရွာနား တွင် စစ်ကောင်စီ နှင့် ချင်းအမျိုးသားတပ်ဦး(CNA)၊ ဒေသခံပူးပေါင်းတပ်တို့တိုက်ပွဲကြား တွင်  သေဆုံးခြင်းဖြစ်သည်။

ကလေး-ဟာခါးသို့ စစ်ကောင်စီ၏ ရိက္ခာထောက်ပို့ရန်  စစ်ယာဥ်တန်း ၃၀ မှ အများစုသည်  အတင်းအဓမ္မချောဆွဲခံခဲ့ကြသည်။ မတ်လ ၉ ရက်တွင် ကလေးမြို့ကနေစတင်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဖလမ်း-ဟားခါးကြားတွင် ၎င်းတို့နဲ့အတူပါလာတဲ့ သံချပ်ကာကား ၂ စီးအပါအဝင် ချောဆွဲထားတဲ့ကားများလည်း ဖြတ်ဆီးခံရကာ လမ်းပေါ်ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်