စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၆ ၊၂၀၂၅

Zalen

မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်း တစ်နေရာကို မနေ့ အောက်တိုဘာ ၅ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ အရပ်သား ၁ ဦးသေ ၊၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက တစ်ဆင့်သတင်း ရရှိပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မုံရွာကနေ ဂျိုင်ရိုရော်ပတာ (Gyrocopter )၃ စီးဖြင့် ၃ ကြိမ် လာ ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

Zalen ad

” ဂျိုင်ရိုကော်ပတာက တော့ မုံရွာ (နမခ) ကနေတက်လာတာပါ။ သုံး စီးတက်လာတာ။ သုံးကြိမ်ကြဲသွားတယ်တဲ့။ အရပ်သားတစ်ဦးသေတယ်‌ကြားတယ်။ တစ်ဦးက ခြေထောက်မှာထိတာပြင်းထန်တယ်ကြားတယ်”လို့လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး သူက နောက်ထပ် နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာတွေရှိခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့သိရတယ်ဆိုပြီး ရှင်းပြပါတယ်။

စစ်ကောင်စီ လေကြောင်းတပ်ဖွဲ့ ကတော့ ပေါက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်စစ်ကြောင်း ကနေလည်း မကြာခဏ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေက ပေါက်မြို့နယ်ရှိ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းပစ်ခတ်မှုမျိုးစုံ နဲ့ မြေပြင်ထိုးစစ်ဆင်တာတွေကို သတိထားကြဖို့ အသိပေးတိုက်တွန်းထားကြပါတယ်။

သတင်း – အညာသား

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်