စစ်ကောင်စီက ဆေးလက်မှတ်ပါရင်လည်း ချင်းတောင်ကို ဆေး၀ါးသယ်ယူခွင့်မပြု

(Below English Version)

အောက်တိုဘာ ၂၃ ၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလကုန်ကစပြီး ကလေးမြို့ကနေချင်းပြည်နယ် တီးတိန်မြို့နယ်ကို သွားတဲ့ ဒေသခံတွေကို ၈ မိုင်ဂိတ်မှာ စစ်ဆေးပြီး သယ်ခွင့်မပေးတာလို့ သိရပါတယ်။

အရင်က ဆေးခန်း ဆေးရုံ စာအုပ်လို ဆရာ၀န်ညွှန်ကြားချက်ပါရင် သယ်ယူခွင့်ပေးပေမယ့် အခုတော့ လုံး၀ သယ်ခွင့်မပေးတော့တာလို့ ဒေသခံတွေက ပြောပါတယ်။

” အရင်က စာအုပ်ပါရင် ရတယ်၊ အခုက တောင်ပေါ်တက်မယ့်သူတွေဆိုရင် သယ်ခွင့်မပေးတော့ဘူး၊ ပြီးခဲ့တဲ့ လကုန်ကတည်းက ပိတ်ထားတာ။ တချို့ဆေးတွေက တီးတိန်မှာ၀ယ်လို့ရပေမယ့် မရှိတဲ့ဆေးတွေကျတော့ ကလေးကနေ ၀ယ်ရတာပဲ၊ နာတာရှည် ရောဂါအခံရှိသူတွေကျတော့ ဆေးသောက်ရဖို့ မလွယ်ဘူး။ တောင်ပေါ်တက်မယ့်ပုံ အနွေးထည်တို့၊ အိတ်တို့ပါရင် ဖုန်းတွေ၊ မှတ်ပုံတင်တွေ စစ်တယ်၊ အိတ်တွေလည်း ဖွင့်စစ်တယ်။ ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးတက္ကသိုလ်ရှေ့မှာရှိတဲ့ ၈မိုင် စစ်ကောင်စီဂိတ်ဟာ ၂၀၂၄ ခုနှစ်ကတည်းက ဆန်သယ်ယူခွင့်ကို ပိတ်ပင်ထားပြီး စက်သုံးဆီသယ်ယူတာကိုလည်း ကန့်သတ်ထားသလို ဆေးဝါးကိုပါ ပိတ်ပင်လာတာပါ။

လက်ရှိ ချင်းတောင်ကနေ ကလေးမြို့ကို သွားလာနေသူတွေဟာ ၈ မိုင်ဂိတ်ကနေ ငွေကြေးတောင်းခံမှုတွေ ရှိနေပြီး ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင် မပါရင် သုံးသောင်း ကျပ် ကနေ ငါးသောင်းကျပ်အထိ တောင်းရမ်းနေတယ်လို့ သိရပါတယ်။

နေညို

ဓာတ်ပုံ-လူမှုကွန်ယက်

Junta Blocks Medicine Transport to Chin Hills Even with Prescriptions

October 23, 2025 – Zalen

Residents say Myanmar’s military junta has barred the transport of medicines from Kalay town in Sagaing Region to the Chin Hills, even for those carrying valid medical prescriptions.

Since the end of September, locals traveling from Kalay to Tedim Township in Chin State have reportedly been stopped and denied passage at the 8-Mile checkpoint.

Previously, authorities allowed medicine transport if travelers carried prescriptions or documents from hospitals or clinics, but locals report that this permission has now been completely revoked.

“In the past, you could take medicine if you had a doctor’s note or clinic record. Now, they don’t allow anyone heading to the hills to carry medicines. They’ve stopped it since the end of last month. Some medicines can be bought in Tedim, but others aren’t available there — so people with chronic illnesses are struggling to get treatment. They even check phones, ID cards, and open bags, especially if you’re carrying warm clothes or backpacks,” a local resident told Zalen.

The junta’s 8-Mile checkpoint near Kalay University had already restricted rice and fuel transport since 2024. Now, medicines have been added to the list of banned items.

Travelers between Kalay and the Chin Hills also report extortion at the checkpoint, saying that junta troops demand between 30,000 and 50,000 kyats from those without motorcycle or driving licenses.

— Nay Nyo

Photo: Social Media

နောက်ဆုံးရသတင်းများ

ICJ မှ အစ္စရေးကို ဂါဇာသို့ ကုလသမဂ္ဂ အကူအညီများ ဝင်ရောက်ခွင့်ပြုရန် အမိန့်ချမှတ်

အောက်တိုဘာ ၂၃၊ ၂၀၂၅ Zalen ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ ဟာ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြှောင်သို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ခြင်းကို ခွင့်ပြုပေးရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့က အစ္စရေးရဲ့ ဂါဇာအကူအညီ ...

ဆက်ဖတ်ရန်