စစ်ကောင်စီက မင်းတပ်ကောလိပ်ဖွင့်လှစ်မယ်လို့ဆိုပေမယ့် ဆောက်လုပ်ရေးပစ္စည်းအားလုံး ဘန်ကာတည်ဆောက်ဖို့သယ်ဆောင်ဟုဆို

မင်းတပ်ကောလိပ်ကို ဖွင့်လှစ်မယ်လို့ စစ်ကောင်စီကပြောပေမယ့် NLD အစိုးရကအကောင်အထည်ဖော်ခဲ့တဲ့ ကောလိပ် ဆောက်လုပ်ရေးပစ္စည်းအားလုံးကို တပ်ထဲမှာဘန်ကာတည်ဆောက်ဖို့ စစ်တပ်က သယ်ဆောင်သွားကြတယ်လို့ မင်းတပ်ဒေသခံတွေထံကသတင်းရရှိပါတယ်။

NLD အစိုးရက မင်းတပ်ကောလိပ်ကို စတင်အကောင်အထည်ဖော်ဆောင်ပြီး အဆောက်အအုံအနည်းငယ်ဆောက်တဲ့ချိန်မှာ စစ်တပ်က အာဏာသိမ်းတာကြောင့် တည်ဆောက်ရေးလုပ်ငန်း ရပ်တန့်သွားပါတယ်။

စစ်ကောင်စီတက်လာတဲ့ချိန် ယနေ့ထိ ကောလိပ်တည်ဆောက်ရေးဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုမရှိသေးပါ။

ကောလိပ်တည်ဆောက်ဖို့ကျန်ရှိနေတဲ့ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံတွေကအစ အကုန်စစ်တပ်က သယ်ဆောင်သွားပြီး ဘန်ကာတည်ဆောက်ဖို့အသုံးပြုကြကြောင်းသိရတယ်။

Zalen ad

NLD အစိုးရ လက်ထက်မှာ ချင်းပြည်နယ် မင်းတပ်၌ စက်မှုလက်မှုသိပ္ပံကျောင်း ၁ ခု၊ ဖလမ်း၊ ပလက်ဝနဲ့ ထန်တလန်တို့၌ စက်မှုလက်မှုအထက်တန်း ကျောင်း ၃ ကျောင်းတည်ဆောက်ဖို့လျာထားပါတယ်။

ယင်းစီမံကိန်းတွေဆက်လက်အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီကဆိုပေမယ့် ဘတ်ဂျက်လျာထားတာမတွေ့ရသေးပါ။

Zawgyi

စစ္ေကာင္စီက မင္းတပ္ေကာလိပ္ဖြင့္လွစ္မယ္လို႔ဆိုေပမယ့္ ေဆာက္လုပ္ေရးပစၥည္းအားလုံး ဘန္ကာတည္ေဆာက္ဖို႔သယ္ေဆာင္ဟုဆို

မင္းတပ္ေကာလိပ္ကို ဖြင့္လွစ္မယ္လို႔ စစ္ေကာင္စီကေျပာေပမယ့္ NLD အစိုးရကအေကာင္အထည္ေဖာ္ခဲ့တဲ့ ေကာလိပ္ ေဆာက္လုပ္ေရးပစၥည္းအားလုံးကို တပ္ထဲမွာဘန္ကာတည္ေဆာက္ဖို႔ စစ္တပ္က သယ္ေဆာင္သြားၾကတယ္လို႔ မင္းတပ္ေဒသခံေတြထံကသတင္းရရွိပါတယ္။

NLD အစိုးရက မင္းတပ္ေကာလိပ္ကို စတင္အေကာင္အထည္ေဖာ္ေဆာင္ၿပီး အေဆာက္အအုံအနည္းငယ္ေဆာက္တဲ့ခ်ိန္မွာ စစ္တပ္က အာဏာသိမ္းတာေၾကာင့္ တည္ေဆာက္ေရးလုပ္ငန္း ရပ္တန႔္သြားပါတယ္။

စစ္ေကာင္စီတက္လာတဲ့ခ်ိန္ ယေန႔ထိ ေကာလိပ္တည္ေဆာက္ေရးဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈမရွိေသးပါ။

ေကာလိပ္တည္ေဆာက္ဖို႔က်န္ရွိေနတဲ့ အုတ္၊ သဲ၊ ေက်ာက္၊ ဘိလပ္ေျမ၊ သံေတြကအစ အကုန္စစ္တပ္က သယ္ေဆာင္သြားၿပီး ဘန္ကာတည္ေဆာက္ဖို႔အသုံးျပဳၾကေၾကာင္းသိရတယ္။

NLD အစိုးရ လက္ထက္မွာ ခ်င္းျပည္နယ္ မင္းတပ္၌ စက္မႈလက္မႈသိပၸံေက်ာင္း ၁ ခု၊ ဖလမ္း၊ ပလက္ဝနဲ႔ ထန္တလန္တို႔၌ စက္မႈလက္မႈအထက္တန္း ေက်ာင္း ၃ ေက်ာင္းတည္ေဆာက္ဖို႔လ်ာထားပါတယ္။

ယင္းစီမံကိန္းေတြဆက္လက္အေကာင္အထည္ေဖာ္မယ္လို႔ စစ္ေကာင္စီကဆိုေပမယ့္ ဘတ္ဂ်က္လ်ာထားတာမေတြ႕ရေသးပါ။

နောက်ဆုံးရသတင်းများ

လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံကောင်စီ ကြေညာ၊ ဒေသခံများမကျေနပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ CDF-တွန်းဇံဇိုတပ်ဖွဲ့ နဲ့ ချင်းလဲန်ကောင်စီ (CC) တပ်ပေါင်းစုအတွက် တွန်းဇံမြို့နယ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ တွန်းဇံမြို့နယ်အတွင်း နေထိုင်တဲ့သူတွေ၊ ...

ဆက်ဖတ်ရန်