မတ် ၁၁၊၂၀၂၆
Zalen

ချင်းပြည်နယ် ၊ မတူပီမြို့ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၁ ရက် နေ့ မှာ လေကြောင်းကေန နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်း ရရှိပါတယ်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုမှာ တံတားဦး လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာဟာ ၄ နာရီ ၀န်းကျင် ၊ ၆ နာရီ ၀န်းကျင် တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအသေး စိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတဦးက” မတူပီ မြို့အရှေ့ခြမ်းဘက်တွေကိုကြဲတာလို့ကြားတယ်။ ။ အသေးစိတ်ကိုတော့ စုံစမ်းနေရဆဲပါ “လို့ Zalen ကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တုန်းကလည်း မတူပီမြို့ပေါ် ယခင် စစ်ကောင်စီတပ်စခန်းဟောင်း ခလရ ၃၀၄ တပ်ရင်းကို ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တုန်းကလည်း မတူပီမြို့နယ် ၊ ချန်းပြန်း ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီး အဆောက်အဦးတွေထိခိုက်ပျက်စီးခဲ့ပါတယ်။
မတူပီ မြို့ကိုတော့ ချင်းညီနောင် နဲ့ မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီလက်အောက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
သတင်း – ဘုံတလာသား
#မတူပီမြို့#စစ်ကောင်စီ#ဗုံးကြဲ#Zalen
















