စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေကို ထိုးစစ်ဆင်ပြီး ကလေး -ဂန့်ဂေါလမ်း နဲ့ ကလေး -တမူးလမ်းတွေကို ထိန်းချုပ်ထားတာပါ။

ဒါကြောင့် တိုက်ပွဲတွေကြောင့် ကျေးရွာတွေကနေ ဒေသခံတွေဟာ သောင်းနဲ့ချီထွက်ပြေး‌တိမ်းရှောင်နေရပြီး သူတို့အတွက် အရေးပေါ် ဆေးဝါးနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

” သွားလာမရတာ တော်တော်ကြာပြီ၊ အဲဒီ လမ်းမတွေပေါ်က ရွာတွေမှာ စစ်ကောင်စီတွေက အထိုင်ချထားတာတွေရှိတယ်။ သွားတဲ့သူတွေလည်း တွေ့ရင် ပစ်သတ်တယ်၊ အဲဒီတော့ မြို့ပေါ်ကို သိပ်မသွားရဲကြတော့ဘူး။ အခုက စားနပ်ရိက္ခာသယ် မရှိတော့တာ၊ တချို့ စစ်ရှောင် ဆန်ပြုတ် ပြုတ်စားရတဲ့သူတွေရှိလာတယ်။ ဒဏ်ရာရသူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း ဆေးမရှိလို့ မကုနိုင်တဲ့ အနေအထားပေါ့နော်။ ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်ရှောင်ရာကနေ ရိက္ခာပြန်သယ်တဲ့ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေပြီး ဆိုင်ကယ်ရီပြေးဆွဲသူတွေကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ဆောင်းရာသီရောက်လာတာ‌ကြောင့် အအေးဒဏ်ပိုလာပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်တွေအတွက် အနွေးထည်၊ စောင်နဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကလေး‌‌တောင်ပိုင်းနဲ့ မြောက်ပိုင်း‌ ကျေးရွာတွေကို နိုဝင်ဘာ ၁၄ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ စစ်ကောင်စီဟာ ကလေးမြို့နယ်ထဲက ကြံသာ၊ မှန်တောရွာတွေအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်က ကြံသာ၊ မှန်တေ၊ ဟားခါးလေး၊ နတ်မြောင်း၊ နတ်ချောင်း ၊တင်သား၊ နန်းစောင်းပု ၊ကံကြီး ၊ကံသာ ယာ ၊ ၅၆ မိုင် ၊ရာဇဂြိုဟ် ၊လက်ပံချောင်း ၊ခုံသာ ၊ပြည်တော်သာ ၊မြစိမ်း ၊မြလင်း ၊ရန်မျိုးအောင် ၊ပျဉ်းခုံကြီး ၊ပျဉ်းတောဦးစတဲ့ ကျေးရွာပေါင်း ၅၀ကျော် စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းခွဲကျော် က ကြိုတင်မဲပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

နို၀င်ဘာ ၂၂၊၂၀၂၅ Zalen တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပြန်တက်ကြမယ့်ကျောင်းသား၊ကျောင်းသူ နှစ်သောင်းခွဲကျော် (၂၈၃၃၉) ဦးက ကြိုတင်မဲပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်မြန်မာ့အလင်းသတင်းစာ မှာ ဒီနေ့ ဖော်ပြထားပါတယ်။ မကြာခင်မှာပြန်လည်ဖွင့်လှစ်တော့မယ့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှာ တက်ရောက်ကြရမယ့် မဲစာရင်းပါရှိတဲ့ ...

ဆက်ဖတ်ရန်