စစ်ကောင်စီတပ်က ဗာလုံကျေးရွာအိမ်တွေကိုဖောက်ထွင်းပြီး အမျိုးသမီးအတွင်းခံပစ္စည်းတွေပါခိုးယူသွား

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ကလေးလမ်းပေါ်ရှိ ဗာလုံကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်ကာ ကျေးရွာအတွင်းအိမ်အားလုံးလိုလိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးယူသွားကြတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်က ဖလမ်းမြို့ကနေ စစ်ကောင်စီတပ်ကား ၂၃ စီးဟာ ကလေးမြို့ဘက်ပြန်ဆင်းလာပြီး ယင်းနေ့တွင် ပါရ်သဲရွာနားမှာ CNDF တပ်ရဲ့ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခံရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၂ နာရီတွင် ဗာလုံရွာသို့ဝင်လာပြီး ညအိပ်စခန်းချရပ်နားကြပါတယ်။ ပြီးနောက် ရွာထဲက ဆိတ် ၃ ကောင်၊ ကြက် အကောင် ၂၀ ကျော်သတ်ဖြတ်စားသောက်ကြပါတယ်။

ရွာသားတစ်ဦးက “သူတို့ရောက်လာတယ်ဆိုတဲ့သတင်းကြားလို့ တစ်ရွာလုံးထွက်ပြေးကြတယ်။ ကလေးကနေတက်လာတုန်းကလည်း ကျနော်တို့ရွာထဲမှာခဏရပ်ပြီးတော့ အိမ်တွေဖောက်ကြတယ်။ အဲ့တုန်းကတော့ ဖောက်ထွင်းခံတဲ့အိမ်နည်းနည်းလေး။ ဒီတချိန်ကတော့ ရွာအိမ်ခြေ ၃ပုံ ၂ ပုံဖောက်ထွင်းခံရတယ်။ အိမ်ထဲက သူတို့ကြိုက်ပစ္စည်းအကုန်လုံးယူသွားကြတယ်။ ထမင်းပေါင်းအိုး၊ ဆောင်၊ အဝတ်အစားတွေ အမျိုးသမီးသုံးအတွင်းခံတွေကအစယူသွားကြတယ်။ ဓားမြအကြီးစားတွေပဲ။ ပြီးတော့ Fourth Square ဘုရားကျောင်းထဲက အီလစ်ထရောနစ်ပစ္စည်းတွေကိုလည်း ခိုးယူသွားကြပါတယ်။ ရေချိုးခန်းထဲမှာလည်း မစင်တွေ စွန့်ကြတယ်။ ဒီမနက် ၉ နာရီမှာ ရွာကနေထွက်သွားကြတယ်။ ရွာသားတွေပြန်ဝင်လာတော့ အရမ်းဝမ်းနည်းလို့ ငိုကြတယ်” လို့ပြောပါတယ်။

စစ်တပ်ယာဉ်တန်းဟာ ကလေးမြို့ဘက်ပြန်ဆင်းသွားပြီး Zawngkong ရွာနားမှာ PDF-Zoland နဲ့ CDM(Siyin) တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီ ၁၀ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

Zawgyi

စစ္ေကာင္စီတပ္က ဗာလံုေက်းရြာအိမ္ေတြကိုေဖာက္ထြင္းၿပီး အမ်ဳိးသမီးအတြင္းခံပစၥည္းေတြပါခိုးယူသြား

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ကေလးလမ္းေပၚရွိ ဗာလံုေက်းရြာကို ယမန္ေန႔ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဝင္ေရာက္ကာ ေက်းရြာအတြင္းအိမ္အားလံုးလုိလိုေဖာက္ထြင္းကာ ပစၥည္းေတြခိုးယူသြားၾကတယ္လုိ႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ေဖေဖာ္ဝါရီလ ၁၁ ရက္က ဖလမ္းၿမိဳ႕ကေန စစ္ေကာင္စီတပ္ကား ၂၃ စီးဟာ ကေလးၿမိဳ႕ဘက္ျပန္ဆင္းလာၿပီး ယင္းေန႔တြင္ ပါရ္သဲရြာနားမွာ CNDF တပ္ရဲ႕ ပေဒသာမိုင္းနဲ႔တုိက္ခိုက္ခံရပါတယ္။

ေဖေဖာ္ဝါရီလ ၁၄ ရက္ ညေန ၂ နာရီတြင္ ဗာလံုရြာသို႔ဝင္လာၿပီး ညအိပ္စခန္းခ်ရပ္နားၾကပါတယ္။ ၿပီးေနာက္ ရြာထဲက ဆိတ္ ၃ ေကာင္၊ ၾကက္ အေကာင္ ၂၀ ေက်ာ္သတ္ျဖတ္စားေသာက္ၾကပါတယ္။

ရြာသားတစ္ဦးက “သူတို႔ေရာက္လာတယ္ဆိုတဲ့သတင္းၾကားလုိ႔ တစ္ရြာလံုးထြက္ေျပးၾကတယ္။ ကေလးကေနတက္လာတုန္းကလည္း က်ေနာ္တုိ႔ရြာထဲမွာခဏရပ္ၿပီးေတာ့ အိမ္ေတြေဖာက္ၾကတယ္။ အဲ့တုန္းကေတာ့ ေဖာက္ထြင္းခံတဲ့အိမ္နည္းနည္းေလး။ ဒီတခ်ိန္ကေတာ့ ရြာအိမ္ေျခ ၃ပံု ၂ ပံုေဖာက္ထြင္းခံရတယ္။ အိမ္ထဲက သူတို႔ၾကိဳက္ပစၥည္းအကုန္လံုးယူသြားၾကတယ္။ ထမင္းေပါင္းအိုး၊ ေဆာင္၊ အဝတ္အစားေတြ အမ်ဳိးသမီးသံုးအတြင္းခံေတြကအစယူသြားၾကတယ္။ ဓားျမအၾကီးစားေတြပဲ။ ၿပီးေတာ့ Fourth Square ဘုရားေက်ာင္းထဲက အီလစ္ထေရာနစ္ပစၥည္းေတြကိုလည္း ခိုးယူသြားၾကပါတယ္။ ေရခ်ဳိးခန္းထဲမွာလည္း မစင္ေတြ စြန္႔ၾကတယ္။ ဒီမနက္ ၉ နာရီမွာ ရြာကေနထြက္သြားၾကတယ္။ ရြာသားေတြျပန္ဝင္လာေတာ့ အရမ္းဝမ္းနည္းလုိ႔ ငိုၾကတယ္” လို႔ေျပာပါတယ္။

စစ္တပ္ယာဥ္တန္းဟာ ကေလးၿမိဳ႕ဘက္ျပန္ဆင္းသြားၿပီး Zawngkong ႐ြာနားမွာ PDF-Zoland နဲ႔ CDM(Siyin) တပ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခံရလို႔ စစ္ေကာင္စီ ၁၀ ဦးေသဆုံးတယ္လို႔ ထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်