စစ်ကောင်စီတပ်တွေ ကလေးမြို့ရပ်ကွက်ထဲ နေအိမ်တွေကို ရဲရဲတင်းတင်းလိုက်လံစစ်ဆေးမှုပိုများလာ

၂၉၊ ဇူလိုင်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ရပ်ကွက်လမ်းကြားထဲမှာပါ အခုရက်ပိုင်း စစ်ကောင်စီတပ်က အိမ်ထောင်စု စာရင်း လိုက်လံစစ်ဆေးတာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ထဲက စမ်းမြို့ရပ်ကွက်၊ အောင်သစ္စာ၊မင်္ဂလာဥယျာဉ်၊ တာဟန်း၊ ကြို့သုံးပင် စတဲ့ ရပ်ကွက်တွေမှာ လိုက်လံစစ်‌ဆေးနေတာပါ။

ဇူလိုင် ၂၈ရက်နေ့က စစ်ကားနှစ်စီးနဲ့ မြို့ထဲမှာ ကင်းလှည့်တာ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာဟန်းရပ်ကွက်က နေအိမ်တွေကို စစ်ကောင်စီတပ်က ဇူလိုင် ၂၇ ရက်နေ့က လိုက်လံ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စမ်းမြို့ရပ်ကွက်ထဲက နေအိမ်တွေကိုဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲအင်အား အများအပြား ၀င်ရောက်စစ်ဆေးနေတာလို့ ဆိုပါတယ်။

” ဟောင်ကောင် ၃ လက်ဖက်ရည်ဆိုင်နားက အိမ်တွေကို ၀င်စစ်နေတာ။ တစ်အိမ်တက်ဆင်း လိုက်စစ်နေတာပဲ။ အင်အားလည်း တော်တော်များတယ်။ အခုနောက်ပိုင်း လမ်းပေါ်ပဲ ဖြစ်ဖြစ် စစ်တဲ့အခါ အင်အားများများနဲ့ စစ်နေကြတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တာဟန်းရပ်ကွက်ရှိ ဒုတိယလမ်းသွယ်ထောင့်တွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး လမ်းသွားလမ်းလာတွေကို ငွေတောင်းခံတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၅ရက်နေ့ ညနေပိုင်းမှာ တပ်ဦးသီတာရပ်ကွက်အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်